အပိုင်း (၁)

1.7K 41 0
                                        

《ဆေးရုံကုတင်​ပေါ်တွင် လှဲ​နေတာ ဘယ်​လောက်​တောင် ကြာသွားပြီလဲ》

​ဆေးရုံကြီးသည် ပုဂ္ဂလိက​ဆေးရုံကြီးတစ်ခုဖြစ်သည်။ ​လေးထပ်ဖြစ်သည့်အပြင် အကျယ်အဝန်းကလည်း ​ပြောစရာမလို​အောင် ဖြစ်သည်။ မန္တ​လေးမြို့တွင် ဤ​ဆေးရုံ​လောက် ကြီးမားကျယ်ဝန်းသည့်​ဆေးရုံ ရှိမည်မထင်။ ​ဆေးရုံတိုက်တာ၏ ​ဘေးတစ်​စောင်းထိုးတွင် " သီရိမင်္ဂလာ " ဆိုသည့် ​အဖြူခံ​ကြွေပြားကြီး​ပေါ်တွင် ​​ရွှေ​ရောင်စာလုံးကြီးကြီးများဖြင့် ​ရေးခြယ်ထားသည့် ဆိုင်းဘုတ်ကြီးကို ​တွေ့ရသည်။

​ဆေးရုံဝန်းကြီးသည် အင်မတန်ကျယ်ဝန်းပါသည်။ မြို့လယ်တွင်မဟုတ်။ မြို့အစွန်အဖျားတွင်လည်းမဟုတ်။ လူ​နေထူထပ်သည့်မြို့ဖြစ်လင့်ကစား ​ဆေးရုံ၏ ​ဘေးပတ်ဝန်းကျင်က အိမ်ယာကွက်များသည်လည်း ​ပေါများလှသည်။ တစ်အိမ်နှင့်တစ်အိမ် အကွာအ​ဝေးကလည်း အ​ဝေးကြီးဟု မဆိုသာ။ လူချမ်းသာများသာ ​နေထိုင်ကြ​သည့် ရပ်ကွက်ဟု ထင်မြင်သည်။ တိုက်တာအ​ဆောက်အဦးများကို ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်လိုက်ခြင်းသာ ဖြစ်သည်။

​ဆေးရုံပတ်ဝန်းကျင်ရှိ တိုက်ကြီးများသည် အနည်းဆုံး နှစ်ထပ်တိုက်များသာဖြစ်ကြ၏။ အိမ်ခြံဝန်း၏ အကျယ်များကလည်း ၁ဧက ၂ဧက​လောက်ရှိသည်။

​ဆေးရုံကြီး၏ အကျယ်မှာလည်း အနည်းဆုံး ၅ဧက​လောက်​တော့ ရှိလိမ့်မည်။ ​ဆေးရုံကို အဖြူ​ရောင်ဖြင့် မွန်းမံမထားဘဲ အပြာနု​ရောင်ဖြင့် ခြယ်သထား​သော​ကြောင့်လည်း တစ်မူထူးခြားနေသည်။ ​လေးထပ်​မြောက်၏ ​ရှေ့လက်ရန်း​တွင်လည်း 'သီရိမင်္ဂလာ' ဆိုသည့် ဆိုင်းဘုတ်ရှည်ကြီးကို တပ်ဆင်ထားပြန်​သေးသည်။

​ဆေးရုံကြီးသည် လူသွားလူလာများသည်။ ဤ​ဆေးရုံ​ရောက်မှပဲ မကျန်းမာသည့်သူ​တွေ ထိုမျှ​လောက် များပြားမှန်း သိခဲ့ရသည်။ ​ဆေးရုံကြီး၏ ​ရှေ့ ​တစ်ဖက်တစ်ချပ်စီတွင် ပေ၁၀၀စာ​လောက်ကို ဆိုင်ကယ်စတန်း ကားစတန်းဟု သတ်မှတ်ထားသည်။ ထိုစတန်းများတွင် ကားများ ဆိုင်ကယ်များ ပြည့်နှက်​နေကြသည်ကို ​တွေ့ရသည်။ ​နောက် ထိုစတန်းများကိုလည်း အ​ပေါ်မှ ပိုက်ကွန်သဖွယ် ဇာဖြင့် မိုးထား​ပေးသည်။ ​နေ၏ အပူရှိန်ကို ကာကွယ်နိုင်ရန်ဖြစ်သည်။

​ကြွေ (Complete)Where stories live. Discover now