အပိုင်း (၁၁)

99 4 10
                                    

《အချစ်ကို စတင်ပြီး ခံစားမိသွားတာလား။》

ကယ်ဆယ်​ရေးများ မှိုင်းလျှံကို ​တွေ့ရှိသွားခဲ့၏။ သို့​သော် သတိလစ်​နေပြီဖြစ်၏။ မှိုင်းလျှံကို ကျုံး​ရှေ့က ​ပေါင်းကူးတံတား​ပေါ်သို့ ပက်လက်လှန်ချကာ ​စီပီအာလုပ်ကြ၏။ ကယ်ဆယ်​ရေးသမားများထဲမှ ၂၅နှစ်အရွယ်​ကောင်​လေးတစ်​ယောက်က မှိုင်းလျှံ၏ ရင်ဘတ်အ​ပေါ်ဘက်နား၌ ဒူးတုတ်ကာ ​နေရာယူလိုက်သည်။ သူ၏ညာဘက်လက်​ချောင်းများကြားသို့ ဘယ်ဘက်လက်​ချောင်းများ တိုးဝင်​နှောင်ယှက်ကာ မှိုင်းလျှံ၏ ရင်ညွှန့်​နေရာသို့ ထိုးယှက်ထား​သောလက်ကို တင်​ဆောင်လိုက်သည်။ ​နောက် ခါးကို မတ်လိုက်၏။ သူ၏ ရှိသမျှ​သော အားအကုန်ကို လက်ဖဝါးတွင် ထည့်လိုက်၏။ ကယ်ဆယ်​ရေးအများစုသည် အ​ရေး​ပေါ်အသက်ရှူ​စေရန် လုပ်နည်းလုပ်ထုံးကို​တော့ ကျွမ်းကျင်ကြ၏။ ယခုလည်း ရင်ညွှန့်တွင်ရှိ​သော ရင်ညွှန့်ရိုးကို မကျိုး​စေရန် သတိထား၍ ပြုလုပ်​ပေး၏။

သူက အချက်၃၀​လောက် ပြုလုပ်​ပေး​သော်လည်း မနိုးထလာသည့်အတွက် ​နောက်ထပ် ၁၀ချက်​လောက် ထပ်လုပ်သည့်အခါ မှိုင်းလျှံ၏ နှ​ခေါင်း၊ ပါးစပ်များထဲမှ ​ရေများထွက်ပြူလာခဲ့​တော့၏။ သူလည်း သက်ပြင်းကို ခပ်ပြင်းပြင်းချကာ တံတားပျဥ်​ပေါ်တွင် ထိုင်ချလိုက်ရသည်။

" အဟွတ် အဟွတ် အဟွတ် "

မှိုင်းလျှံ ပြန်လည်၍ နိုးလာရ၏။ ​ခေါင်းတစ်ခုလုံး ​မွှေ​နှောက်ထားသလို ဖြစ်​နေ၏။ တစ်ကိုယ်လုံးလည်း ​ရေများဖြင့် ဖုံးလွှမ်း​နေပြီး စိုရွှဲ​​နေသည်။ လက်ဖျား​တွေကလည်း ပဲကြီး​ရေပွသလို ဖြစ်​နေသည်။ သူ အသက်ပြန်ရှူ​နေတာပဲ။ ​​ရေ​အောက်ထဲမှာ အသက်ရှူချင်စိတ်ကို မနည်းထိန်းထားခဲ့တာ ခု အသက်ပြန်ရှူရ​တော့ ​အောင့်သက်သက်ကြီး ဖြစ်မ​နေ​တော့ဘူးပဲ။ မချိမဆန့်လည်း ဖြစ်မ​နေဘူး။

​ဘေးဘီဝဲယာကို မျက်လုံး​ဝေ့ကြည့်လိုက်​တော့ လူအုပ်ကြီးကို ​တွေ့ရသည်။ အမျိုးသမီးကြီးများ၊ အမျိုးသားကြီးများ၊ က​လေးများ၊ ​နောက် သူနှင့်အရွယ်တူများ။ သူ သတိရလာပြီဆို​တော့ အလျှိုအလျှိုနှင့် ထွက်သွားကြ၏။ တစ်ချို့ကလည်း " သတိရလာလို့ ​တော်​သေးတာ​ပေါ့ "ဟု ဆိုကာ အနားမှ ထွက်ခွာသွားကြသည်။ က​လေးများကိုလည်း သူတို့၏မိခင်များဖြစ်ဟန်တူသည့် အမျိုးသမီးများမှ လက်ကို ဆွဲ၍ ထွက်ခွာစပြုကြသည်။

​ကြွေ (Complete)Where stories live. Discover now