အပိုင်း (၁၈)

89 4 7
                                    

《သူသည် အရာအားလုံးဖြစ်ပါသည်ဟု ​ပြောပြချင်မိပါသည်။》

မှိုင်းညို့ ​ရောင်နီ​သွေး၏ သတင်းကို ကြားကြားချင်းပင် မှိုင်းလျှံဆီသို့ အ​ပြေးသွားမိသည်။ လက်သီးကို ကျစ်​နေ​အောင် ဆုပ်ထားမိသည်။ အစ်ကို့ကို ဂရုစိုက်ပါလို့ မှာထားတာကို​တောင် မင်းမို့လို့ကွာ။ မင်းမို့လို့။

မှိုင်းညို့တစ်​ယောက် မှိုင်းလျှံရှိမည့်​နေရာကို သူ့အ​ဖေအား ဖုန်းမဆက်ဖူးပါပဲ ဤကိစ္စအတွက်နှင့်​တော့ ဖုန်းဆက်လိုက်မိသည်။ ​နေရာကို သိပြီဆိုသည်နှင့်တစ်ပြိုင်နက် ဖုန်းကို ချက်ချင်းချကာ သွားသည်။

​ဆေးရုံသို့ ​ရောက်​သော် ​ကောင်တာက ​​ကောင်မ​လေးများကို ​မေးမြန်းကာ အ​ပေါ်ထပ်သို့ တက်လာခဲ့၏။ အခန်း​တံခါးကို ဆွဲဖွင့်လိုက်၏။ သူက အဖွင့်၊ မှိုင်းလျှံက အထွက်ဖြစ်သည်။ ထို့​ကြောင့် အားသုံးကာ ဆွဲလျက် အပြင်ဘက်သို့ ယူလိုက်သည်။ ပြီး​နောက် ညီဖြစ်သူ၏ ပါးပြင်ထက်သို့ လက်သီး​ကျွေးလိုက်​တော့၏။

မှိုင်းလျှံမှာ ဘာမှ ​ပြောချိန်ပင်မရ​ပေ။ ဘာစကားမှ ​ပြောချင်ဟန်လည်း မတူပါ။ နှုတ်ခမ်း​ထောင့်တွင် ​သွေးအနည်းမျှ ဆို့လာသည်။ သို့​သော် မသုတ်သင်ပါ။ တစ်ဖက်နံရံသို့ ကပ်သွားသည့် မှိုင်းလျှံသည် ​လောကကြီးကို စိတ်ပျက်အရွဲ့တိုက်​နေသူလိုမျိုး ဖြစ်သည်။ ရယ်ပစ်ချင်စိတ်ကိုလည်း မနည်းထိန်းထားသည်။

မှိုင်းညို့က​တော့ လက်သီးကို ကျစ်​နေ​အောင် ဆုပ်ထားပြီး ​မေးရိုးများမှာ တည်တင်း​နေ၏။ မျက်​လုံးများကလည်း နီ​ဆွေးလျက်ရှိ၏။ သူ့ညီ၏ ​ကော်လံစကို ဆွဲတင်ပြီး ​နောက်တစ်ချက် ထပ်ထိုးဖို့ ရည်ရွယ်ကာ လက်သီးကို ​နောက်သို့ အရှိန်ယူလိုက်​ပေမယ့် ညီဖြစ်သူမှာ ပြို​တော့မည့်မိုးကဲ့သို့။

" ​ဟေ့​ရောင်၊ မှိုင်းလျှံ။ ငါ မင်းကို ဘာမှာထားလဲကွာ။ အစ်ကို့ကို ​သေချာ ​ဂရုစိုက်ပါလို့။ ခု ဘယ်လိုဖြစ်တာလဲ။ ပါးစပ်က ​ပြောစမ်းပါ။ "

ဆုပ်ကိုင်ထားသည့် လည်ပင်းက အင်္ကျီစကို ​ဖြေ​လျော့ကာ စကားဆို​တော့လည်း မှိုင်းလျှံက ဘာစကားမှ မပြန်။ ​ကျောက်ရုပ်တစ်ရုပ်လိုသာ ရပ်​နေသည်။ ​မှိုင်းညို့လည်း နံရံကို မှီကာ ​တွေ​တွေကြီး ​နေ​နေမိပြန်၏။

​ကြွေ (Complete)Where stories live. Discover now