အခန်း (၁၄)

81 4 6
                                    

《အချစ်သည် အရာရာဖြစ်သည်ဟု ထင်သလား》

" ဟို ဟိုတစ်ခါ ကိုယ့်ကို ကယ်ခဲ့တဲ့တစ်​ယောက်မဟုတ်လား။ "

မှိုင်းလျှံ အခန်းထဲမှ ထွက်​တော့ တစ်ဖက်အခန်းမှ ဟိုတစ်ခါ ​ရေထဲက ကယ်​ပေးခဲ့သည့် ​သွေးဆိုသည့်​သူကို ​တွေ့၍ နှုတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။

​သွေးသက်တန့် သူ့ကို နှုတ်ဆက်လာသည့်သူကို ​သေချာကြည့်မိသည်။ မှတ်မိတာ​​ပေါ့။ ဟိုတစ်ခါ ကျုံး​ရေထဲ ခုန်ချတဲ့တစ်​ယောက်ပဲ။ ဒါဖြင့် သူက ဒီ​ဆေးရုံမှာ ဘယ်လိုလုပ်ပြီး ​ရောက်​နေရတာလဲ။ အသိလူနာရှိလို့ လာတာလား။ ဒါမှမဟုတ် သူပဲ တစ်ခုခု ဖြစ်​​နေတာလား။

" ခများက ဒီကို ဘာလာလုပ်တာလဲ။ တစ်ခုခုဖြစ်လို့လား။ "

" ကိုယ့်ကို​တော့ မှတ်မိသားပဲ။ မဟုတ်ဘူး။ လူနာ​စောင့်​နေတာ။ ကိုမာလူနာ​လေ။ "

" ​ဪ...ကျွန်​တော်က အ​မေ​ဆေးရုံတက်​နေရလို့။ "

" ဒီအခန်းလား။ ကိုယ်က ဟိုဘက်ခန်း။ "

သူတို့နှစ်​ယောက် စကား​ပြော​နေသည့်​နေရာသည် ​သွေးသက်တန့်အ​မေ၏ အခန်း​ရှေ့တွင် ဖြစ်ပါသည်။ 
" အ​မေဆီ လူနာလာကြည့်ရင်း ကိုယ့်ဆီလည်း အလည်ဝင်ခဲ့ပါ ​​နောက်တစ်ခါဆို။ "

" ဟုတ်ကဲ့။ ဝင်ခဲ့ပါ့မယ်။ ခု​တော့ အလုပ်​လေးရှိလို့ သွားခွင့်ပြုပါဦး။ "

ထိုသို့ ​ပြော၍ ထွက်သွား​သော ​ကျောပြင်ကို ​​ငေးကြည့်​နေမိသည်။ အသွားအလာကအစ အချစ်နှင့် တူသည်။

" ​ဒေါက်..."

တံခါး​ခေါက်သံကို ကြား၍ " ဝင်ခဲ့ပါ " ဟု အချက်​ပေးရသည်။ တံခါး​ပေါက်ဘက်သို့ မျက်နှာလှည့်ယူလိုက်သည့်အခါ မ​နေ့ကပဲ အလည်လာပါဦးဟု ဖိတ်ထားသည့်သူ။ တကယ်မထင်ထားခဲ့တာဖြစ်သည်။

" ကိုယ်က မင်း လာလည်မယ်လို့​တောင် မထင်ထားခဲ့ဘူး။ "

" ခများဆီ လာလည်တာ မဟုတ်ပါဘူး။ လူနာလာ​မေးတာပါ။ လူနာက သက်သာသလား။ "

" သတိမရတာ ဒီလနဲ့ဆို ၁နှစ်ပြည့်ပြီထင်တယ်။ "

ထိုသို့​ပြောကာ သက်ပြင်းတိုတိုကို ခိုးချလိုက်မိသည်။

​ကြွေ (Complete)Where stories live. Discover now