အပိုင်း ၁၉

95 6 1
                                    

《အပူတပြင်း လိုက်ရှာနေမိတဲ့အရာသည် အချစ်ဖြစ်သည်ကို ဝန်မခံချင်ပဲ ဝန်ခံလိုက်ရပါ​တော့သည်။》

​​ဆေးရုံ၏ ဗွီအိုင်ပီ အခန်းနံပါတ်(တစ်)တွင် လူသုံး​ယောက်ရှိ​နေ၏။ တစ်​ယောက်မှာ ​ရောင်နီ​သွေးဖြစ်ပြီး ကုတင်​ပေါ်တွင် ငြိမ်သက်စွာ လှဲ​နေ၏။ ​နောက်ထပ် နှစ်​ယောက်က​တော့ မှိုင်းလျှံနှင့် ​သွေးသက်တန့်သာ ဖြစ်ပါသည်။ သူတို့နှစ်​ယောက် အရင်အပတ်က ​ဆွေး​နွေးခဲ့​သော အ​ကြောင်းအရာတစ်ခုကို ပြန်လည် ​ပြောကြား​နေကြတာ ဖြစ်ပါသည်။

" ကိုမှိုင်းလျှံ အ​ဖြေကို ရှာ​တွေ့ပြီနဲ့တူတယ်။ "

" ဘာဖြစ်လို့ အဲ့လို့ ​ကောက်ချက်ချရတာလဲ။ "

" မျက်နှာမှာ ​ပေါ်​နေ​သားပဲ။ "

သူက မျက်နှာဆိုမှ မှိုင်းလျှံတစ်​ယောက် သူ့လက်နှင့် သူ့မျက်နှာကို ကိုင်ကြည့်မိသည်။ ကိုယ့်ကိုယ်ကို ကိုင်ကြည့်ပြီး ပြုံးပင် ပြုံးလိုက်မိပါ​သေး၏။ မှိုင်းလျှံဘက်က ပြုံး​တော့ ​သွေးသက်တန့်ကလည်း ပြုံးသည်။ နှစ်​ယောက်သား အကြည်စိုက်ကာ ပြုံးရင်း ရှက်​သွေးဖြာရ​သေး၏။ ဦးစွာ မျက်လုံးအကြည့်​ရှောင်သူမှာ မှိုင်းလျှံ ဖြစ်ခဲ့ပါသည်။ အ​ကြောင်းပြချက်တစ်စုံတစ်ရာမရှိပါပဲ သူ့အကြည့်ကို ​ရှောင်ရှားလိုက်မိသည့် ကိုယ့်ကိုယ်ကိုသာ ယူကြုံးမရဖြစ်မိပါသည်။ ဘာအတွက် သူ့အကြည့်ကို ​ရှောင်လိုက်ရတာလဲ။ သူ့ကို ကြည့်ခြင်းမှာ မရိုးသားတဲ့စိတ်တစ်ခု ဝင်​ရောက်စိုးမိုးလာလို့လား။ မဖြစ်နိုင်ပါ။

" ကျွန်​တော်အချစ်မြတ်နိုးဆုံးက ပန်းဆိုပါ​တော့။ အဲ့ဒီပန်းကို ကျွန်​တော် ​နေ့တိုင်း​ရေမ​လောင်းမိဘူး။ ဒါ​ပေမယ့် ချစ်​နေတယ်။ မြတ်နိုး​နေတယ်။ တန်ဖိုးမထားမိဘူး။ သူ့တန်ဖိုးကို သူက ပြသ​ပေမယ့် ကိုယ်တိုင်က မယူချင်တဲ့အခါ ကိုယ်တိုင်က မမြင်ချင်တဲ့အခါ ကိုယ်တိုင်က လျစ်လျူရှူမိတဲ့အခါ အဲ့ဒီပန်း ​သေလု​မြောပါးအချိန်ကို ​ရောက်​နေတဲ့အချိန်​ပေါ့။ အဲ့ဒီအချိန်မှာမှ ကျွန်​တော် ပန်းကို ​ရေ​လောင်းမိတယ်။ ပျိုး​ထောင်ဖို့ကြိုးစားတယ်။ ဒါ​ပေမယ့် တစ်ရက်ပြီးတစ်ရက် အစာအာဟာရမရဘဲ ညှိုး​ရော်​ခြောက်​သွေ့သွားရတဲ့ ပန်းက​လေးက ပိုင်ရှင်ကို စိတ်မနာပါဘူး။ သူ ပြန်ရှင်သန်လာပါ​သေးတယ်။ ဒါ​ပေမယ့် ပန်းက​လေးက မူလတုန်းကလို မသန်မာ​တော့ဘူး။ မပွင့်လန်း​တော့ဘူး။ တစ်နှစ်တစ်ခါ​တောင် ပန်းပွင့်မပွင့်​ပေး​တော့ဘူးတဲ့​။ "

​ကြွေ (Complete)Where stories live. Discover now