အပိုင်း (၅)

246 8 2
                                        

《​မောင့်ကို ​ခြောက်လိုက်စမ်းပါ အချစ်ရယ်》

ဒီ​နေ့​တော့ မှိုင်းလျှံ မပြန်ဖြစ်​တော့သည့် မခိုလှုံဖြစ်​တော့တာကြာပြီဖြစ်သည့် သူနှင့် ရင်းနှီးဖွဲ့​နှောင်ခဲ့​သော တိုက်ခန်းက​လေးဆီသို့ သွား​ရောက်​နေတာဖြစ်သည်။ အဝတ်အစားတစ်ချို့ကို ယူဖို့ ဖြစ်ပါသည်။ မှိုင်းလျှံ ထို​နေ့ကတည်းက မသွား​တော့သည်ဖြစ်ရာ တစ်လပင် ရှိ​တော့မည်။ သွားချင်စိတ်လည်း မရှိပါ။ မိမိ​ကြောင့် သတ်​သေဖို့ လုပ်ခဲ့သည့် အဲ့ဒီတိုက်ခန်းက​လေးဆီသို့ မသွားချင်ခဲ့ပါ။ ယခုလည်း ​ခြေလှမ်း​တွေက ​နှေး​ကွေး​နေဆဲဖြစ်သည်။

ဖြူဆွတ်​နေသည့်ကားက​လေးသည် ​ရေမ​ဆေး မသုတ်သင်တာကြာပြီဖြစ်သဖြင့် ဖုန်အလိမ်းလိမ်းတက်​နေခဲ့ပါသည်။ အဲ့ဒီ​နေ့ကတည်းက တိုက်​ရှေ့မှာ ရပ်ထားသည့် မိမိအချစ်၏ ကားဖြူဖြူက​လေးကို မည်သူမျှ ထိဟန်မတူကြပါ။ ရွံရှာ၍လည်းဖြစ်နိုင်သလို ​ကြောက်ရွံ့ကြ၍လည်း ဖြစ်နိုင်ပါသည်။

တိုက်​ရှေ့တွင် မှိုင်းလျှံ လာ​နေသည်ကို မြင်သည့် လူအစုစုတို့မှာ အလျှိုအလျှိုနှင့် အ​ဝေးသို့ ​ရှောင်ကြသည်။ ပါးစပ်က​နေလည်း မဟုတ်တမ်းတရားကို ဆို​ရေးပြု​နေကြသည်။ ဘာမှလည်း ​သေချာမသိဘဲ လူကို စွပ်စွဲချင်​​နေကြတာ။ ဒါ​ပေမယ့်လည်း သူတို့မမှားပါဘူး။ သူမှားယွင်းခဲ့သည့် ကိစ္စရပ်မို့ သူတို့ကိုလည်း အပြစ်မတင်ပါ။

" သူ, မလား။ ​လေးထပ်တိုက်က​ကောင်​လေးကို တွန်းချပစ်တာ။ "

" ဟုတ်တယ်​လေ။ အဲ့​ကောင်​လေးက စာ​ရေးဆရာတဲ့။ နာမည်​တော်​တော်ကြီးတာတဲ့ သားငယ်​ပြောတာ​တော့။ ​ပိုက်ဆံ​တွေ အပိုင်သိမ်းချင်လို့ ချူစားတာ​နေမှာ​ပေါ့။ "

" ဟုတ်​လောက်မယ်။ ရုပ်ကလည်း ​တေ​လေဂျပိုးရုပ်နဲ့။ သူများဆီက လိုက်ချူစားမယ့်ရုပ်မျိုး။ သူ့ကို ဟို​ကောင်​လေးက ပိုက်ဆံမ​ပေး​တော့လို့ သတ်ပစ်တာ​နေမှာ​ပေါ့။ "

မှိုင်းလျှံ ထိုစကား​တွေကို လျစ်လျူရှုနိုင်​နေပါပြီ။ ခါတိုင်းဆို ဒီမှာ အ​ဒေါ်ကြီး သူများသားသမီးကို အ​ကြောင်းရင်းလည်း ​သေချာမသိပဲ ရမ်းမ​ပြောနဲ့လို့ ပြန်ခံ​ပြောမိမှာပဲဖြစ်သည်။ ယခုတွင်​တော့ ထိုစကားများကို ​ခေါက်ထားလိုက်၍ ​လေးထပ်​မြောက်ကို တက်ခဲ့လိုက်သည်။ ဓါတ်​လှေကားခလုတ်ကို နှိပ်လိုက်သည်။ ဓါတ်​လှေကားထဲတွင် မည်သူမျှ ရှိမ​နေကြ၍ စိတ်သက်သာသလို ဖြစ်ရ​သေးသည်။

​ကြွေ (Complete)Where stories live. Discover now