အခန်း (၁၃)

93 3 8
                                    

《အချစ်မှာ မာန​တွေ အတ္တ​တွေ မရှိပါဘူး》

ဇာလီ မန္တ​လေးသို့ ​ရောက်​နေမိသည်။ အစ်ကို့အခန်း​လေးကို သန့်ရှင်း​ရေးလုပ်​ပေး​နေမိသည်။ အစ်ကို မရှိ​တော့ အခန်းက​လေးသည် တကယ်ကို တိတ်ဆိတ်သွားသည်။ ခါတိုင်းအချိန်လည်း တိတ်ဆိတ်တာဖြစ်​ပေမယ့် အခန်းထဲတွင် အစ်ကိုမရှိဘူးဆိုတာကို သိ​နေရသည့် စိတ်သည် လွှမ်းမိုး​နေသည်။ အစ်ကို့ပုံရိပ်က​လေး​တွေ ထင်ဟပ်​နေသည်က​တော့ ​ပြောစရာမလို​အောင်ဖြစ်သည်။

" ဇာလီ​ ခုချိန်များ ​ကော်ဖီ​သောက်လိုက်ရရင် စာ​ရေးနိုင်မယ်ထင်တယ်။ " ဟုလည်း အရွှန်း​ဖောက်တတ်​သေးသည်။ အစ်ကိုသည် သူတစ်ပါးအမြင်တွင် မာနကြီးပြီး ခက်ထန်သည်ဟု ထင်စရာရှိ​ပေမယ့် သူမအတွက်​တော့ အစ်ကိုသည် ​​မေတ္တာငတ်မွတ်​နေသူနှင့် တူသည်။ ထို့​ကြောင့် ဇာလီသည် ​ရောင်နီ​သွေးကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ခင်တွယ်​နေခဲ့သည်။ အစ်ကိုလိုတစ်ဖုံ ​သူငယ်ချင်းလိုတစ်မျိုး ခင်တွယ်​နေရသည်။

​ရောင်နီ​သွေး တိုက်​ပေါ်က ခုန်ချသည်ဟု ကြားကြားချင်း ကိုယ့်​ကြောင့်များလားဟု​တောင် ထင်ခဲ့ရသည်အထိ ဇာလီသည် ​ရောင်နီ​သွေးကို ခင်တွယ်သူဖြစ်သည်။ သူ တစ်ပျစ်​တောက်​တောက်​ပြောလွန်း၍ စိတ်ကုန်သွားတာလား​ဆိုသည့် မဖြစ်နိုင်တဲ့အချက်ကို ထပ်တလဲလဲ စဥ်းစား​နေခဲ့သည်။

" အစ်ကို​၊ ပြန်လာပါဦး​နော်။ အစ်ကို့ကို ဇာလီတို့ ​စောင့်​နေပါ​သေးတယ်။ သံ​ယောဇဥ်ဆိုတာ ဖြတ်ရခက်သတဲ့အစ်ကို။ ဇာလီ အစက​တော့ မယုံချင်ဘူး။ အခု​တော့ မယုံချင်လည်း ယုံရ​တော့မှာ​ပေါ့​နော်။ အစ်ကို ပြန်လာရင် ဇာလီ စကားမများ​တော့ပါဘူး။ အစ်ကိုသွားချင်တဲ့​နေရာ​တွေကို လွတ်လွတ်လပ်လပ် သွားခွင့်​ပေးမယ်။ ဘာမှမ​မေးပဲ သွားခွင့်​ပေးမယ်။ အစ်ကိုသာ ပြန်လာပါ အစ်ကိုရယ်။ ဇာလီ အစ်ကို့ကို လွမ်းတယ်။ "

ဇာလီ ကြမ်းပြင်​ပေါ်တွင် ​​ဆောင့်​ကြောင့်ထိုင်ချပြီး တင်းထားသမျှ မျက်ရည်​တွေကို သွန်ချပစ်သည်။ ဒူးနှစ်ဖက်ကြား မျက်နှာဝှက်ကာ ရှိသမျှ​သော မျက်ရည်ကြည်တို့သည် တလ​​ဟော စီးဆင်းကုန်ကြသည်။

​ကြွေ (Complete)Where stories live. Discover now