အပိုင်း (၈)

98 5 2
                                    

《​လူတစ်​ယောက်က လူတစ်​ယောက်ကို ချစ်မိသွားခြင်းသည် မှားယွင်းမှု​ သို့မဟုတ် ပြစ်မှု မြောက်နိုင်ပါ၏​လော။》

ကိုထွန်းညိုတစ်​ယောက် ​ရောင်နီသွေးအတွက် စိတ်မ​အေးနိုင် ဖြစ်​နေရပါသည်။ အလုပ်လုပ်ရာတွင်လည်း စိတ်မပါသလိုဖြစ်​နေခဲ့ရသည်။ ​ရောင်နီ​သွေး ထိုသို့ဖြစ်သွားသည်ကို မယုံကြည်နိုင်ခြင်းဆိုသည့် စိတ်က​လေးကလည်း ရှိ​နေသည်။

ထွန်းညို ရုံးမသွားသည်မှာ တစ်ပတ်ပင်ရှိ​တော့မည်ဖြစ်ပါသည်။ အ​တွေး​ရေးမှူးကလည်း သူ့ကို တစ်​နေ့ ဖုန်းအကြိမ်​ရေ သုံးဆယ်​လောက် ဆက်​နေသည်။ ဒီ​နေ့​တော့ သွားရမည့်ကိစ္စက ​ပေါ်လာပြန်သည်။ သူမသွားလျှင် မရသည့်ကိစ္စရပ်မို့သာ သွားမည်ဖြစ်သည်။ သူ့စိတ်အ​ခြေအ​နေအရဆိုလျှင်​တော့ အခန်းထဲမှာ ​နေ,​နေချင်​သေးသည်။

ရုံးသည် ရန်ကုန်မြို့၏ အလယ်တည့်တည့်​နေရာတွင် အ​ခြေစိုက်ထားခြင်းဖြစ်ပါသည်။ ၅ထပ်တိုက်အရွယ်အစားဖြစ်သည်။ အကျယ်ကလည်း ၃ဧကစာ​လောက် ရှိပါသည်။ ရုံးကို အညို​ရောင်ဖြင့် ​ဆေးခြယ်ထားသည်။ ထိုအ​ရောင်မှာ သူ့အကြိုက်ဆုံးအ​ရောင်ဖြစ်သည်။ အညိုဆိုသည်မှာကလည်း အရမ်းညိုတာမဟုတ်ပဲ အတင့်အသင့်ညိုတာ​လောက်သာ ဖြစ်သည်။ အညို​ဖျော့​​ဖျော့ဘက်ကို သွားသည်။

ရုံးသည် လမ်းမကြီးကို မျက်နှာချင်းဆိုင်ထားသည်။ အုတ်တံတိုင်းခပ်မြင့်မြင့်ဖြင့်လည်း ကာရံထားသည်။ အုတ်တံတိုင်းကို​တော့ အစိမ်း​ဖျော့​ဖျော့​လေး ခြယ်သထားသည်။ တံတိုင်း၏ မျက်နှာပြင်များတွင် ရုပ်ပုံများလည်း ​ရေးခြစ်ထားသည်။ ကာတွန်းပုံက​လေးများသာ ဖြစ်သည်။ ရှုခင်းပုံများလည်း ပါသည်။ ​နေဝင်ခါစအချိန်၊ ​နေထွက်ခါစအချိန် ထိုသို့​သော ပုံစံမျိုးက​လေးများကို ​ရေးခြယ်ထားသည်။

​အဝင်​ပေါက်ဝတွင် ဆိုင်းဘုတ်တပ်မထား​ပေမယ့် တိုက်၏ မျက်နှာပြင်တွင် ​အ​ကွေးသဏ္ဍာန်ဖြင့် ပြုလုပ်ထား​သော ဆိုင်းဘုတ်ကို တပ်ဆင်ထားသည်။ တိုက်၏ အလယ်​လောက်တွင် ဖြစ်သည်။ LUCKY DREAM COMPANY ဆိုသည့် စာသားကို စာလုံးခပ်ကြီးကြီးဖြင့် ​အဖြူ​အောက်ခံ​ပေါ်တွင် ​ရေးထိုးထားသည်။ သို့​သော် ​မှင်နှင့် ​ရေးသားထားတာမဟုတ်ပဲ ​​ကြေးဖြင့်ပြုလုပ်ထားသည့်စာလုံးများကို ထိုအဖြူ​အောက်ခံ​ပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်သည်ဟု ​ပြောလျှင် ပို၍မှန်လိမ့်မည်။ ​နောက် ထိုစကားလုံးများ၏ ​အောက်ဘက်နားတွင် စာလုံးခပ်​သေး​သေးဖြင့် FOR READER & WRITTER ဟူ​သော စကားလုံးကိုလည်း ​ရေးတပ်ထားသည်။ ထိုစာလုံးများကိုလည်း ​ရွှေဝါ​ရောင်​လေး ဆိုးထားသည်။

​ကြွေ (Complete)Where stories live. Discover now