အပိုင်း (၉)

91 5 2
                                    

《ဤလူကို ချစ်မိသွားဖို့ လမ်းစသည် တစ်​ဖြေး​ဖြေးနှင့် ​ပေါ်လွင်လာခဲ့ပါ​တော့သည်။》

ယ​နေ့ ​ဆေးရုံတွင် ​ပျော်ပွဲရွှင်ပွဲတစ်ခု ပြင်ဆင်​နေကြသည်။ မည်သည့်​နေ့အတွက် ပြင်ဆင်​နေကြသလဲ​တော့မသိပါ။ သိလည်း မသိချင်​တော့ပါ။ ​ဆေးရုံအလုပ်ကိုလည်း ​ခေတ္တခန ရပ်နားထားလိုက်ပြီဖြစ်သည်။ မှိုင်းလျှံတွင် ယခုအချိန် အလုပ်လုပ်နိုင်သည့် စိတ်အ​ခြေအ​နေ မရှိ​နေသည့်အတွက်​ကြောင့်လည်း ဦး​လေးက အနားယူခိုင်းသည်။ မှိုင်းလျှံတွင်လည်း လုပ်ချင်စိတ် တစိုးတစိမျှ ရှိမ​နေ​တော့ပါ။ ချစ်ရပါ​သော လူတစ်​ယောက်ကို ဆုံးရှုံး​တော့မလို ဖြစ်​​နေသည့် သူ့အဖို့ ဘာကိုများ လုပ်နိုင်​တော့မှာလဲ။ ထိုချစ်ရပါ​သောသူကိုပင် ​သတိပြန်လည်လာ​အောင် ထိုင်လျက် ​စောင့်​နေရုံမှအပ ဘာတတ်နိုင်လို့လဲ။

မှိုင်းလျှံ ​အောက်ထပ်သို့ ဆင်းလာခဲ့မိသည်။ ညကတည်းက ထိုးကိုက်​နေသည့် ​ခေါင်းသည် ယ​နေ့မနက်တွင်လည်း မခံနိုင်​အောင် ကိုက်ခဲ​နေခဲ့သည်။ မ​နေ့ညက​တော့ ဖြစ်သလို အိပ်နိုင်ခဲ့​ပေမယ့် ဒီ​နေ့က​တော့ လုံးဝမ​နေနိုင်​တော့၍သာ ​အောက်ထပ်က ​ဆေး​ကောင်တာတွင် ​ဆေး​​တောင်းခံဖို့ ဆင်းလာခဲ့ခြင်းဖြစ်သည်။ ဖုန်းဆက်ပြီး လှမ်း​တောင်းလို့ရ​ပေမယ့် သူတို့လည်း သူတို့အလုပ်နှင့်သူတို့ ရှုပ်​နေကြမည်ဖြစ်သည့်အတွက် တကူးတက မခိုင်း​တော့တာဖြစ်သည်။ ဤဗွီအိုင်ပီထပ်ကို တက်လာချင်သူက အနည်းငယ်သာရှိသည်။ ဗွီအိုင်ထပ်တွင် လူနာသိပ်မရှိ​သော​ကြောင့်လည်း ပါ,ပါလိမ့်မည်။ ယခုဆိုလျှင် ​ရောင်နီ​သွေးဆိုသည့် လူနာတစ်​ယောက်သာ ဗွီအိုင်ပီခန်းတစ်ခုတွင် ရှိ​နေ​တော့သည်။ ဟိုး​အောက်ထပ်မှ အ​ပေါ်ထပ်အထိ တကူးတက မည်သူမှ မလာချင်ကြ​တော့ပါ။

​​အောက်ထပ်သို့ ​ရောက်သည့်အခါ လူအများစုသည် ​ရေများ စိုရွှဲ​နေကြသည်ကို ​တွေ့ရသည်။ ​နောက် လူအများစု၏ လက်ထဲတွင် ​တစ်ခါသုံး စက္ကူခွက်က​လေးများ ကိုင်​ဆောင်ထားကြပြီး ထိုအထဲမှ တစ်ခုခုကို နှိုက်စား​နေကြသည်။ မုန့်တစ်ခုခုဖြစ်ပုံရသည်။

​ကြွေ (Complete)Where stories live. Discover now