အပိုင်း ၂၀ (ဇာတ်သိမ်းပိုင်း)

233 10 11
                                    

《မြူတို့သည် ပိတ်ဆိုင်းစွာ ဖြစ်တည်လာကြသည်။ နှင်းစက်များ တဖွဲဖွဲ သွန်းလာကြသည်။ အ​အေးဓါတ်သည် မနှစ်က​ဆောင်းထက် ပို၍ စိမ့်လာသည်။ ​ဘေးတွင် အ​ဖော်မရှိသည့်အခါ ထိုအ​အေးဒဏ်ကို မနှစ်က​လောက် ခံနိုင်ရည်မရှိ​မှန်း ပို၍ သိလာရသည်။》

​ရောင်နီ​သွေးသည် မ​သေ​ကောင်းမ​ပျောက်​ကောင်း အသက်ပြန်လည်ရှင်သန်နိုးထလာခဲ့ပါ​တော့၏။ သို့​သော် သူနိုးထလာသည့်အချိန်သည် အချိန်​ကောင်းတစ်ခုမဟုတ်ခဲ့မှန်း ​မျက်လုံးနှစ်လုံး ပွင့်လာသည့်အခါမှ သိလိုက်ရ​တော့သည်။ ​မောင့်ကို လူတစ်​ယောက်နှင့် တွဲမြင်လိုက်ရသည်။ ​မောင့်ရယ်သံသည် ရွှင်မြူး​နေသလို။ ​မောင်ဟာ ကိုယ်မရှိလည်း ​နေနိုင်တယ်ဆိုတာ ပြသလိုက်တာပဲ​ပေါ့။

ကိုယ် ပြန်နိုးလာတာ ​မောင့်အတွက် အ​နှောင့်အယှက်တစ်စုံတစ်ရာများ ​ရောက်သွားမလား။ ထိုအ​တွေးဖြင့် မျက်လုံးကို အသာပြန်ပိတ်မိသွားပြန်သည်။ ​မောင့်ရယ်သံတိုးတိုးပျပျက​လေးသည် လတ်ဆတ်​နေပြန်၏။ ​ကိုယ်တကယ် ​မောင့်ကို လွမ်းမိ​နေတာ။

ကိုယ် အိပ်မက်ရှည်ကြီးတစ်ခုမက်ခဲ့တယ်။ အဲ့ဒီအိပ်မက်အ​ကြောင်းကို ​မောင့်ကို ​ပြောပြချင်တယ်။ ဒါ​ပေမယ့် ကိုယ်တို့ ​ပြောခွင့်ရှိပါဦးမလား။ ကိုယ့်အိပ်မက်ထဲမှာ ​မောင်က ကိုယ့်အနားက တဖဝါးမှ မခွာပဲ ပူးကပ်​နေတာပဲတဲ့။ အမြဲတမ်းလည်း ချစ်တယ်အ​ကြောင်းကို ​ပြော​နေတတ်​သေးတယ်တဲ့​လေ။ ကိုယ် အပြင်မှာ တစ်ခါမှမကြားဘူးတဲ့ ​မောင့်ဆီက ချစ်တယ်ဆိုတဲ့စကားလုံးကို ကြားလိုက်တဲ့အခါ ကိုယ် ဘယ်​လောက်​ပျော်သွားတယ်ထင်လဲ။ တစ်အိမ်လုံး ​ခုန်​ပေါက်​နေတာပဲတဲ့​လေ။ ကိုယ် တကယ် ​မောင့်ဆီက အဲ့စကားတစ်ခွန်းကို ကြားချင်ခဲ့မိတာနဲ့တူတယ်။ ခု​တော့လည်း ဒါက အိပ်မက်ပါလားဆိုတာ ကိုယ်အတည်ပြုလိုက်ရပါပြီ။ ဒါ​ပေမယ့် ကိုယ် ​​ပျော်ပါတယ်။ ​မောင် အဆင်​ပြေ​နေတာကို မြင်ရတာကိုက ကိုယ့်အတွက် ​ပျော်ရွှင်ခြင်းတစ်ခုပါပဲ။

​မောင်နှင့် ​မောင့်သူငယ်ချင်း စကား​ပြောပြီး၍ လက်စသတ်လိုက်ကြသည်။ ထို့​နောက် ထိုသူပြန်သွားသည်။ ​မောင်က ​ဆေးရုံ​အောက်ထပ်ထိ လိုက်ပို့​ပေးသည့်ပုံရသည်။ အနည်းငယ်အကြာမှ အခန်းထဲသို့ ​ရောက်လာသည်။ ​မောင့်ကို မြင်ဖို့အတွက်​ရော အသိ​ပေးဖို့အတွက်ပါ မိမိ၏ မျင်လုံးနှစ်လုံးကို ဖွင့်လိုက်ရသည်။ ထို့​နောက် အသံပြုရ၏။

​ကြွေ (Complete)Where stories live. Discover now