အပိုင်း (၁၀)

111 5 7
                                    

《အချစ်ကို ကိုယ်တို့ မကိုးကွယ်သင့်ဘူး》

မှိုင်းလျှံ စိတ်ရှုပ်​နေမိသည်။ ဘာမှမတိုးတက်လာသည့် အချစ်၏ ခန္ဓာကိုယ်ကို ဒီအတိုင်း ကြည့်​နေရသည်က သူ့အတွက် ရင်ပူ​​စေသည်။ ဘာမှလုပ်မ​ပေးနိုင်ဘူးဆိုသည့်စိတ်ကလည်း အတွင်းထဲထိ လှိုက်တက်​နေမိသည်။ ရင်ထဲတွင် အမျိုးအမည်မသိသည့်  နာကျင်မှုမျိုးစုံကိုလည်း ခံစား​နေရသည်။ ရင်ဘတ်​တွေက အမှန်တကယ် နာ​ကျင်နေပြီဖြစ်သည်။ မျက်ရည်ကျချင်ရင်​တောင် မျက်ရည်​က ထွက်ကျခွင့်မ​ပေးဘူးဖြစ်သည်။ ရင်ထဲမှာ တင်းပြီး ပြည့်ကျပ်​နေသည့် ခံစားချက်သည် ရင်တစ်ခုလုံးကို ခွဲပြီး ထုတ်ပစ်လိုက်ချင်မိသည်အထိ ဖြစ်ရပါ​သည်။

မှိုင်းလျှံ ​ဆေးရုံက ထွက်လာပြီး တစ်​နေရာသို့ သွား​နေမိတာဖြစ်သည်။ ဦး​နှောက်ထဲမှာ ဗလာဖြစ်​နေပြီး တစ်ခုခုကို လုပ်ပစ်ချင်စိတ်သာ ရှိ​နေသည်။ ဘာကို လုပ်ပစ်ရမလဲဆိုတာကို​တော့ သူမသိပါ။ တစ်ခုခုကို လုပ်ပစ်ချင်​နေတာ​တော့ အမှန်ပဲဖြစ်၏။

ကားအနက်​ရောင်က​လေးကို အ​တွေးမရှိဘဲ ​မောင်း​နေမိသည်။ လမ်းမကြီးတစ်ခုလုံးလည်း ကား​တွေ ဆိုင်ကယ်​တွေနှင့် ပြည့်နက်​နေသည်။ ရှုပ်ယှက်ခတ်စွာ ​​ပြေးနှင်​နေကြသည်။ တုတ်တုတ်ဟု​ခေါ်​သော အငှားယာဥ်တစ်မျိုးကလည်း ​နောက်ခန်းတွင် ခရီးသည်​တွေ တင်​ဆောင်ပြီး လိုရာခရီးကို ​မောင်းနှင်​နေသည်။ ဆိုင်ကယ်များကလည်း တဝှီးဝှီးဖြင့် ကားများကလည်း စီရာတိုင်က ဟွန်းတီးသည့်ခလုတ်ကို အတင်းတီးခတ်​နေကြသည်။ ထိုအသံများဟာ မန္တ​လေးမြို့အတွက် ပုံမှန်ပဲဖြစ်ပါသည်။

လမ်းမကြီး၏ အလယ်တွင် ​အုတ်ဘိလပ်​မြေဖြင့် ဘောင်ခတ်၍ စိုက်ပျိုးထား​သော သစ်ပင်ကြီးများ၏ အရွက်က​လေးများသည် ​လေအ​ဝှေ့တွင် လှုပ်ခတ်​နေကြသည်။ ဘာအပင်​တွေလည်းဆိုတာ​တော့ မ​ပြောတတ်ဘူးဖြစ်သည်။ ကြားဖူးသည်က​တော့ အသီးမသီးသည့် သရက်ပင်ဟုဖြစ်သည်။ ဟုတ်ပါလိမ့်မည်။ သရက်ရွက်များဖြင့် အနည်းငယ်ဆင်တူသည်။ သို့​သော် သရက်ပင်​တော့မဟုတ်ဘူးဖြစ်သည်။ ထိုအပင်​တွေ၏ ​အောက်​ခြေကိုလည်း ထုံးအဖြူများကို ၅နှစ်၆နှစ်အရွယ်က​လေးတစ်​ယောက်၏ အရပ်​လောက်ရှိသည်အထိ ​ဆေးဆိုးထားသည်။ ၂​ပေ၃​ပေ​လောက်ဖြစ်မည်။

​ကြွေ (Complete)Where stories live. Discover now