အပိုင်း (၇)

104 4 2
                                    

《မောင် မ​ကြောက်ပါဘူး အချစ်ရယ်》

မှိုင်းလျှံ ​ရောင်နီ​သွေး၏ လက်ကို ဆုပ်ကိုင်ပြီး အိပ်​ပျော်သွားခဲ့သည်။ အချစ်၏ လက်က​လေးများသည် အနည်းငယ် ​အေးစက်လာသည်ဟု ထင်သည်။ ဟိုတစ်လက​တော့ ​နွေး​နွေး​လေးဖြစ်​နေ​သေးသည်။ ခု​တော့ အချစ်၏ လက်က​လေးများ ​အေးစက်စပြုလာကြသည်။ ထို့​နောက် မှိုင်းလျှံ မျက်လုံးက​လေးအနည်းငယ် ဖွင့်လာခဲ့ရသည်။ သူ့မျက်လုံး​တွေ ပွင့်လာသည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းသည် ကိုယ့်ကိုယ်ကို ကြက်​သေ​သေသွားရသလို ဖြစ်​နေ​တော့သည်။

အချစ်၏ ကုတင်တစ်ခုလုံး ​သွေးချင်းချင်းနီ​နေကြသည်။ အနီ​ရောင်​သော အရည်​တွေက တလ​ဟော စီးကျ​နေခဲ့ကြသည်။ ​သွေး​ရောင်လွှမ်းသွားသည့် အချစ်၏ ကုတင်တစ်ခုလုံးအပြင် ကြမ်းပြင်တွင်လည်း ​သွေးရည်များဖြင့် လျှံ​နေပြီဖြစ်သည်။ မှိုင်လျှံ သူ့​ခြေ​ထောက်ကို သူပြန်ကြည့်လိုက်ရသည်။ ဘယ်လိုဖြစ်ကုန်တာလဲ။ နားမလည်​တော့ဘူး။

မှိုင်းလျှံက ​ရောင်နီ​သွေးကို လှုပ်ရမ်းကာ နိုးသည်။ သို့​သော် နိုးမထလာနိုင်မှန်း သိသိလျက်နှင့် လှုပ်ရမ်း​နေတုန်းပင်ဖြစ်သည်။

" အချစ် နိုးလာစမ်းပါကွာ။ နိုးလိုက်စမ်းပါ။ "

ပါးစပ်က​နေလည်း ထိုသို့ တရစပ်​ပြော​နေမိသည်။ မိမိချစ်သူဟာ ဘာ​ကြောင့် ​သွေး​တွေ ပြန်ထွက်​နေမှန်းမသိဘူး။ ဖုန်း​ခေါ်ရမယ်။ ဟုတ်တယ်။ ​အောက်ထပ်ကို ဖုန်း​ခေါ်ရမယ်။ သူနာပြု​တွေဆီ ဖုန်းအမြန်​ခေါ်ရမယ်။

မှိုင်းလျှံ နံရံတွင် ကပ်ထား​သော ဖုန်းဆီသို့ သွားဖို့ရန် ထရပ်လိုက်သည်။ ​သွေး​ရည်​များက မိမိဒူး​အထိ ​ရောက်​လာ​နေပြီဖြစ်သည်။ ဘာတွေ ဖြစ်ကုန်တာလဲကွာ။ ​ခြေလှမ်းကို စလှမ်းမည်ဟု ကြံလိုက်သည့်အခါ ​သွေးရည်​တွေက ခပ်ပျစ်ပျစ်ဖြစ်​နေသည့်အတွက် လှုပ်ရှားရတာ ​နှောင့်​နှေး​နေခဲ့ရသည်။ နံရံတွင် ကပ်ထား​သော ဖုန်းက​လေးသည် သူရပ်​နေသည့်​နေရာနှင့် မည်မျှပင် မ​ဝေး​စေကာမူ ​ခြေ​​ထောက်သည် ​ရွှေ့​စေချင်သလို ရွှေ့မသွားခဲ့​ပေ။ မှိုင်းလျှံ စိတ်တိုချင်လာသည်။ ​တောက်တစ်ချက်​ခေါက်လိုက်မိသလား​တောင် မသိပါ။

​ကြွေ (Complete)Where stories live. Discover now