အပိုင်း (၄)

160 10 4
                                    

《​မောင့်ကို ပစ်မထားပါနဲ့》

ကုတင်​ပေါ်က မိမိ၏ အချစ်က​တော့ တစ်လမျှ ကြာ​သော်လည်း နိုးလာခြင်းမရှိ​သေးပါ။ မျက်လုံး​တွေကို တင်းတင်း​စေ့ထားသည့် အချစ်သည် တမင်တကာများ ပိတ်ယူထားသလားဟု ထင်မှတ်ရပါ​တော့သည်။ မှိုင်းလျှံ သူ့စိတ်​တွေ ဗ​လောင်ဆူ​နေပါသည်။ ဒါကလည်း သူ့အပြစ်သာ ဖြစ်သည်ကို လက်ခံရ​တော့သည်။

​ရောင်နီ​သွေး၏ မျက်နှာ​ပေါ်တွင် ​အောက်စီဂျင်ပိုက်​တွေ ဘာညာမရှိ​တော့ပါ။ ​ဘေးနားက စက်ကိရိယာကို​တော့ အသုံးပြု​သေးသည်။ ဂဏာန်း​တွေ တစ်ခုပြီးတစ်ခု ​ပြောင်း​နေကြပါသည်။ ​အောက်စီဂျင်က​တော့ ၉၉ဟုပြသည်။ အ​ပေါ်​သွေး​ပေါင်ချိန်က ၁၁၀၊ ​အောက်​သွေး​ပေါင်ချိန်က ၇၀။ ထိုသို့ ပြလျက်ရှိ​နေကြသည်။ နှလုံးလိုင်းကိုပြသည့် မျက်​ကွေး​တွေကလည်း တ​ရွေ့ရွေ့သွား​နေကြသည်။ ဤလိုင်းက​လေးသာ မ​​ဖြောင့်တန်းသွား​စေဖို့ ​နေ့​နေ့ညည ဆု​တောင်းရသည်မှာလည်း မှိုင်းလျှံ၏ အလုပ်တစ်လုပ် ဖြစ်​နေပါ​တော့သည်။

ကုတင်​ဘေးတွင် အံဆွဲပါသည့် ပန်းအိုးတင်ထားသည့် ခုံက​လေးတစ်ခုံရှိသည်။ ပန်းအိုးထဲတွင် ​ဒေစီပန်းဟု ​ခေါ်ကြသည့် ပန်းက​လေးကို ထိုးထားသည်။ အချစ်က ​ဒေစီပန်းကို သိပ်ကြိုက်တာ​လေ။ ​ဒေစီပန်းက​လေးမှာ အ​ရောင်စုံလင်စွာ ဖြစ်သည်။ အနီ​ရောင်၊ အပန်း​ရောင်၊ အဖြူ​ရောင်၊ အဝါ​ရောင်၊ ကြက်​သွေး​ရောင်၊ ခရမ်း​ရောင်။ စုံလင်​နေ​တော့သည်။ အ​ရောင်အ​သွေးစုံလင်လှ​သော ပန်းအိုးထဲမှ ​ဒေစီပန်းက​လေးများကို ကြည့်ရင်း ပြုံးမိပါ​သေးသည်။ ​ဒေစီပန်းခင်းကြီးထဲ နှစ်​ယောက်သား ရန်ဖြစ်ခဲ့ကြတဲ့ အတိတ်ပုံရိပ်က အခု​တော့ မှိုင်းလျှံကို အမှတ်တရအဖြစ်နဲ့ ပြုံး​စေခဲ့ရပြီ။

ပန်းအိုး​ဘေးတွင် စီးကရက်နှင့် ​မီးခြစ်ကို ​တင်ထားသည်။ မီးခြစ်မှာ အဖုံးဖွင့်၍ အသုံးပြုရ​သော မီးခြစ်အမျိုးအစားဖြစ်သည်။ သံမီးခြစ်က​လေးတစ်ခု။ စီးကရက်က​တော့ နိုင်ငံခြားဖြစ် ​​စျေးကြီး​ပေးဝယ်ရသည့် စီးကရက်။ ထိုစီးကရက်​တွေကို အချစ်က မကြိုက်ဘူး။ အချစ်မကြိုက်​ပေမယ့် ​မောင်ကြိုက်တယ်​လေလို့ ​ပြောတဲ့အခါတိုင်း စိတ်ဆိုးပြီး စကားမ​ပြောတတ်ဘူး။ ဒါ​ပေမယ့် ခနပါပဲ။ တဗျစ်ဗျစ်​တောက်​တောက် ​ပြောတာမကြိုက်တဲ့ အချစ်က သူ့ကို​တော့ တဗျစ်​တောက်​တောက်နှင့် အဲ့​ဆေး​ပေါလိပ်၏ မ​ကောင်းသတင်း​တွေကို တစ်ခုပြီးတစ်ခု ​ရေရွတ်တတ်သည်။

​ကြွေ (Complete)Where stories live. Discover now