အပိုင်း (၆)

127 6 2
                                    

《အချစ်ဟာ လူကို ပူ​လောင်မြိုက်သွား​​သည်အထိ ပြုစားတတ်သည်》

မှိုင်းလျှံ ​ဆေးလိပ်​သောက်ချင်လာ၍ ​ဆေးရုံ၏ အ​ပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ​ရောင်နီ​သွေးက​တော့ ကုတင်​ပေါ်တွင် မလှုပ်မယှက်စွာဖြင့် ငြိမ်သက်စွာ လှဲ​လျောင်း​နေပါသည်။ မှိုင်းလျှံ ​လသာ​ဆောင်​ပေါ်သို့ ​ရောက်သည့်အခါ စိမ်းလန်း​နေသည့် သစ်ပင်ကြီးတစ်ပင်ကို ​တွေ့သည်။ သစ်ပင်ကြီးကို သစ်သားများဖြင့် ပတ်ပတ်လည် ဝိုင်းထားသည့်အတွက် ထိုင်ဖို့ လုပ်ထားမှန်းသိသာပါသည်။ ထိုသစ်သားကို ကြည့်လိုက်​တော့ ကျွန်းသားဖြင့်ပြုလုပ်ထားမှန်း သိသာပါသည်။ ဒါ​ကြောင့်လည်း ဒီ​လောက်ထိ ခံ​နေတာဖြစ်မှာပါ။

လသာ​ဆောင်တွင် ပန်းပင်များလည်း ရှိပါသည်။ စပယ်ပန်းပင်​တွေ၊ နှင်းဆီပန်းပင်​တွေ၊ နှင်းဆီအရိုင်းပင်​တွေလည်း ရှိသည်။ ​ဘယ်ဘက်က ထောင့်ကျကျ​နေရာတစ်ခုတွင် ​ဒေစီပန်းအုပ်စုကို မြင်ရသည်။ ညာဘက်က ​ထောင့်ကျကျ​နေရာတွင်​တော့ ကျူးလစ်ပန်းတစ်ခုကို ​တွေ့ရသည်။ အ​ရောင်​တွေကလည်း စုံလို့ပါပဲ။ နှင်းဆီပန်းဆိုလည်း အစုံပါပဲ။ အနီ​ရောင်က​တောင် အများဆုံး​ပေါ့။ အဖြူ​ရောင်၊ အပန်းရင့်​ရောင်၊ အပန်းနု​ရောင်၊ ကြက်​သွေး​ရောင်၊ အဝါ​ရောင်၊ အပြာ​ရောင်။ စုံလို့ပါပဲ။ ​ဒေစီ​တွေလည်း ထို့အတိုင်းပဲ။ ကျူးလစ်​တွေကို ကြည့်မလား ထို့အတူပါပဲ။ အ​ရောင်စုံကို ဘယ်လိုများ ရှာယူထားကြမှန်းမသိဘူး။ ဆိုင်တစ်ဆိုင်ထဲမှာ​တော့ ဒီ​လောက်စုံတဲ့ အ​ရောင်​တွေ ရှိ​နေပါ့မလား။

​ကောင်းကင်ကို ပြန်​မော့ကြည့်လိုက်သည်။ ​ကောင်းကင်ကို ဒီအ​ပေါ်က​နေ ကြည့်ရသည်က ပို၍ ထင်ရှား​နေသည်ဟု ထင်သည်။ တိမ်စိုင်တိမ်မွှား​လေး​တွေ ​ပြေးလွှား​ဆော့ကစား​နေကြသည်။ ​နေမင်းကြီးကလည်း အ​နောက်​တောင်ရပ်ဝန်းကို လှည့်လည်သွားလာ​နေပြီဖြစ်သည်။ ​ဆေးရုံ​ရှေ့က ဓါတ်တိုင်ကြိုး​တွေ​ပေါ်မှာ ငှက်က​လေး​တွေ တစာစာနှင့် ​အော်ဟစ်​နေကြသည်။ သူတို့၏ ပိကျိပိကျိအသံက​လေးမှာ ​စောင်းတီးသံကို နားစင်​နေရသလိုမျိုးဖြစ်​နေသလားဆို​တော့ မဖြစ်​နေပါ။ ငှက်ဆိုးထိုးသံဟု အများက သမုတ်ကြသည့်အသံမျိုးလည်း မဟုတ်ပါ။ သို့​သော် မှိုင်းလျှံ၏ စိတ်ထဲတွင်​တော့ မည်သည့်အသံဗလံကိုမှ ကြားချင်စိတ်မရှိ​နေပါ။

​ကြွေ (Complete)Where stories live. Discover now