Part-1(Uni + Zawgyi)

692 13 2
                                    

မယ်တော်ဟိုနားမှာလိပ်ပြာလေးတွေ သမီးတော်အဲ့နားသွားလိုက်အုန်းမယ်။
"ရွှေကော့မြိုင်"သခင်မ သမီးတော်ကိုကြည့်ရင်း ပြုံးနေမိသည်။
သမီးတော်လေးက 16နှစ်အရွယ် အသားလေးတွေက နုဖက်​န၍ေရွှေရောင်ဘက်သန်းနေပြီး မျက်တောင်ရှည်ရှည်လေးတွေနဲ့
ထူးထူးခြားခြား နီညိုရောင်ဆံနွယ်တွေကိုပြိုင်ဆိုင်ထားတယ်။ဆံနွယ်တွေကခါးလောက်ရှည်ပြီး ဖခင်ခမည်းတော်အချစ်တွေနဲ့ အကိုတော်ရဲ့အချစ်တွေသာမက တစ်တိုင်းပြည်လုံးရဲ့အချစ်တွေကိုလက်ခံရရှိထားတဲ့ကောင်မလေးပေါ့။လူတိုင်းအပေါ်က ကြင်နာတတ်ပြီး တိရစ္ဆာန်လေးတွေအပေါ်မှာကစ ယုယုယယ ဆက်ဆံတယ်။သူမအမြတ်နိုးရဆုံးအရာတွေက ပန်းပင်သစ်ပင်တွေနဲ့ ပင်လယ်တွေ မိုးရေစက်လေးတွေဆိုလဲအမှားပါဘူး။သမီးတော်လေးက အရွယ်ရောက်လာပြီး အနီရောင်ဂါဝန်အရှည်လေးပေါ်မှာ ရွှေရောင်ကနုတ်လေးတွေနဲ့ ပတ္တမြားစီခြယ်ထားတဲ့ ဂါဝန်လေးကို ကျက်သရေရှိစွာ ဆင်မြန်းထားတယ်။
ခေါင်းမှာ ပတ္တမြားဆံထိုးထိုးထားပြီး တစ်ဝက်ကိုချထားတယ်။ပြုံးလိုက်ရင် မြင်လိုက်သူတွေရူးသွားမတတ်လှပြီး သူများအပေါ်ကြင်နာတတ်တဲ့မင်းသမီးလေးနာမည်က"ရွှေပကာသင်း"တဲ့။ဒါမဲ့သူ့မယ်တော်စိတ်ပူနေတဲ့အရာက မင်းသမီးလေးရဲ့ ပခုံးပေါ်မှာရှိတဲ့အမှတ်သားကြောင့်ပဲ။ဒီလိုကိစ္စမျိုးကိုပထမဆုံးကြိမ်ကအဆိုးဝါးဆုံးဖြေရှင်းလိုက်ရတာကြာင့် "ရွှေကေ့ာမြိုင်"ရင်ကွဲမတတ်ခံစားခဲ့ရပြီးပြီ။ခုလဲသူမ မြတ်နိုးတဲ့သမီးလေးကထိုအမှတ်သားရှိနေတယ်။အဲ့အမှတ်သားကဘယ်နေ့ဘယ်ချိန်မှာ ဘယ်လိုထဖောက်လာမယ်ဆိုတာမသိတဲ့တွက် နေ့တိုင်းတွေးပူနေရတယ် တစ်ရက်မှလဲစိတ်ပူတာကိုမလျာ့ခဲ့ရဘူး။ဒီအမှတ်သားကိစ္စကို ရွှေကော့်မြိုင် တစ်ယောက် မင်းသမီးလေးမွေးကတည်းကသူတစ်ယောက်ပဲမင်ခဲ့တာကြောင့် သမီးတော်ကိုသနားသော်လည်း စိတ်ပူတာကြောင့် အမှတ်သားနေရာကိုမီးရှို့ခဲ့တယ်။ကလေးကနာကြင်စွာအော်ငိုတာကိုကြည့်ရုံကလဲဲပီးမတတ်နိဒီကိစ္စကိုမယ်တော်တစ်ယောက်ပဲသိမယ်သမီးတော်။သမီးတော်လဲသိစရာမလိုပါဘူး။ဖြစ်လာတဲ့ပြသနာတွေကိုမယ်တော်ရင်ဆိုင်ပေးမယ်။ခမည်းတော်တောင်မသိတဲ့ကိစ္စ လောကမှာမယ်တော်တစ်ယောက်ပဲသိတယ်။ငါ့သမီးတော် အေးအေးဆေးဆေးနေပါအုန်း။" ဟုစိတ်ထဲကရေရွတ်မိသည်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now