"မင်းသမီးလေး နိုးပြီလား"
သာသာက ပကာ့ဘေးမှာ တစ်ချိန်လုံးထိုင်ကြည့်နေသည်။သာသာက ပကာ့ကိုညီမအရင်းလိုပင် ဂရုစိုက်သည်။ပကာက တော်ဝင်မင်းသမီးတစ်ယောက်ဖြစ်ပေမဲ့ အစေခံကိုအစေခံလိုမဆက်ဆံပဲ မောက်မာမှုမရှိ ကြင်နာစွာဆက်ဆံတာကြောင့် အကုန်လုံးပချစ်ကြသည်။
"အင်း သာသာ....ငါ...လုပ်စရာတွေရှိသေးတယ်...အွန်း...ခန"
ပကာ သာသာ့၏လက်ကိုဆွဲကိုင်ကာ သာသာ့ကိုစိုက်ကြည့်လိုက်တာကြောင့်သာသာလန့်သွားသည်။အဲ့လိုအကြည့်မျိုးနှင့်တစ်ခါမှမကြည့်ဖူးတာကြောင့်လဲဖြစ်မည်။
"ငါမေးတာကိုသေချာဖြေနော်"
"ရှင်...ဘာကိုလဲ..မင်းသမီးလေး"
"ေမးတာကိုဖြေပေးပါ"
"မှန်ပါ့...မေးပါ"
"ငါ့မှာ မောင်နှမဘယ်နှယောက်ရှိလဲ"
"ရှင်!ရှင်"
"မေးတာကိုဖြေ သာသာ"
"ရှင်..မင်းသမီး"
"ဘာလဲ ဘယ်နှယောက်ရှိလဲ"
"နှစ်...နှစ်ယောက်လေ မငိးသမီးလေး"
ပကာ သာသာ့ဆီကနေအကြည့်လွဲလိုက်ကာ အကုန်လုံးကိုသဘောပေါက်သွားပုံရသည်။ထထိုင်လိုက်တော့ သာသာက ကူထူပေးသည်။တင်ပါးက နာတာက ခုထိမပေျာက်သေး။
(ဒီပုံစံဆို မယ်တော့်ကိုမေးမှဖြစ်တော့မယ်)
ပကာ မတ်တပ်ရပ်လိုက်တော့ အားမရှိသေးတဲ့ ခန္ဓာကိုယ်က လဲကျသွားသည်။
"မင်းသမီးလေး!"
"အာ့!"
"ရရဲ့လား..မင်းသမီးလေး"
"အင်း..ငါမယ်တော်ဆီခနသွားအုန်းမယ် မယ်တော်ဘယ်မှာလဲ"
"အခန်းဆောင်တော်မှာပါ မနေ့ကပဲရောက်တာပါ"
ပကာ မယ်တော့်ဆီ အပြေးလေးလာလိုက်သည်။ခန်းမဆောငိတံခါးဖွင့်လိုက်တော့ မယ်တော်က အံ့သြစွာ ပကာဆီပြေးလာပြီး ဖက်လိုက်သည်။
"သမီးတော်လေး နေမကောင်းတာကို."
"မယ်တော်..မယ်တော်..သမီးတော်မေးစရာရှိတယ်"
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...