"ဟျောင့် ရာဇာ ရာဇာ!"
အပြင်မှမဟူရာ့၏ခေါ်သံကြောင့် ရာဇာပြင်ဆင်နေတာတွေရပ်လိုက်ပြီး ထွက်ကြည့်လာသည်။မဟူရာ့ပုံစံမှာ တော်တော်အရေးကြီးနေသည့်ပုံပင်။
"ပြော"
"ပကာ ပကာ..."
"ပကာ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ မဟူရာ ပြောလေ"
"ပကာ မိဖုရားကြီးနဲ့ အိမ်ရှေ့စံကိုသတ်လိုက်လို့တဲ့"
"ဘာ!"
ရာဇာ ထိတ်လန့်သွားပြီး မယုံကြည့်နိုင်ဖြစ်နေသည်။ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ ပကာ ခတ္တာကိုကြည့်မရဘူးဆိုပေမဲ့ သူ့အကိုတော်ကိုသဝန်တိုရုံပဲလေ။အဲ့လောက် မဖြစ်နိုင်ဘူး ဒီကောင်မလေးက အကောင်လေးတွေ ကိုတောင်မသတ်ရက်တာ။လမ်းမှာခွေးလေးကိုရိုက်နေတာမြင်ရင် အဲ့ရိုက်တဲ့သူကိုတောင်ရန်တွေ့တဲ့သူက ဘယ်လိုသတ္တိမျိုးနဲ့ လူကိုသတ်လေမလဲ။အထင်လွဲတာဖြစ်ပါမှာ။
"ပကာ ပကာအခုဘယ်မှာလဲ"
"ငါအဲ့တာလာပြောတာ ပကာ့ဆီမြန်မြန်သွား အရှင်မင်းကြီးက ပကာ့ကိုမြေအောက်အကျဥ်းတိုက်ထဲမှာပိတ်ထားတယ် မနက်ဖြန် အမိန့်ချမယ်တဲ့ ငါတို့နောက်ကလိုက်လာခဲ့မယ် မင်းမြန်မြန်သွားတော့"
ရာဇာ ဘာမှမပြောနိုင်ဘဲ သူ့မြင်းစီဦးတည်လိုက်သည်။မြင်းနားရောက်တာနဲ့ ပကာ့ရှိတဲ့တိုင်းပြည်ဆီ အသားကုန် မောင်းနှင်လာရတော့သည်။ဘုရင်တစ်ပါးဖြစ်၍ ညသန်းခေါင်ကြီး အခြွေရံမပါဘဲ တစ်ပါးတည်းသွားသည်မှာ လုပ်ကြံခံရမည်ကိုတောင် မစိုးရိမ်တော့ပါ။ အချစ်က ပူလောင်စေသည်တဲ့လေ သူတစ်ဖက်သက်ချစ်ရတဲ့ ကောင်မလေးက အခုဒုက္ခရောကွနေပြီ။ သူ့အသက်ထက် ကိုယ်ချစ်ရသူအသက်က ပိုတန်ဖိုးရှိတယ်တဲ့လေ။ဒီချိန်မှာ သူပကာ့ကိုရအောင်ကယ်ပါလိမ့်မည်။ပကာ့ကိုထိတဲ့သူဘာ်သူဖြစ်ဖြစ် သူက သတ်ပစ်ပါမည်တဲ့လေ။အချစ်နဲ့တွေ့တော့ အရာရာ ချောက်ထဲရောက်တာပေါ့။
တစ်ဖက်တွင်တော့
"ဟေ့ မင်းတကယ်သွားမလို့လား"
စိတ္တက မေးငေါ့ပြပြီး အဇ္ဇကိုမေးလိုက်သည်။အဇ္ဇပစိတ်မရှည်တဲ့လေသံဖြင့်
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...