Part-16(U+Z)

113 10 0
                                    

လဝန်း၊ဇွန်ငယ်၊မဟူရာနှင့် ရာဇာတို့စားပွဲတစ်ခုမှာထိုင်နေကြသည်။ထိုင်နေတာအတော်ကြာသော်လည်း စကားမပြောနိုင်ကြဘဲ မိုင်ငိုင်နေကြသည်။မဟူရာမှစကားဒီလိုစလိုက်သည်။

"ရာဇာ မင်း ပကာ့ကိုသွားမရှာဘူးလား"

".........."

"ပကာဘယ်လိုနေမလဲဟာ အဆင်ပြေပါ့မလား"

လဝန်းကပြောရင်း မျက်ရည်များဝဲလာကာ ဇွန်ငယ်ကလှမ်းကြည့်တော့ နှစ်ယောက်သား အငိုစတင်လေသည်။

"ဟေ့ ဟေ့ မငိုပါနဲ့ဟ"

မဟူရာမှ မတ်တပ်ရပ်ကာ လက်ကိုခါးမှာထောက်၍ စိတ်ပျက်လက်ပျက်ပြောလာသည်။

"ငါသွားရှာမယ်"

အကုန်လုံးရဲ့အကြည့်က ရာဇာ့ဆီရောက်လာသည်။

"ဟင့် သွားရှာ..ဟင့်.လို့မှမရတာ..ဟင့် အရှင်ကအမိန့်ထုတ်ထားတာလေ.."

"မှန်ပါတယ် အရှင်အမိန့်ထုတ်ထားတယ်ဆိုတာ။ဒါပေမဲ့ ကိုယ်တော်သစ္စာဆိုတယ်။ ကိုယ်တော့်ရဲ့ အသွေးသားတို့က ကိုယ်တော်နတ်ရွာမစံမချင်း ရေမြေ့သခင်အရှင်မင်းကြီးရဲ့ ခြေတော်ရင်းမှာ ခစားပါတယ်။ခုထိအရှင့်ပေါ်ကို ကိုယ်တော်သစ္စာမပျက်ကွက်ခဲ့သလို နောင်လဲမပျက်ကွက်ပါဘူး။ ဒါပေမဲ့ ကိုယ်တော့်ရဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့သူကိုထိခိုက်ခဲ့ရင်တော့ အဲ့လူကအရှင်ဖြစ်နေပါစေ ကိုယ်တော်ရင်ဆိုင်ရလိမ့်မယ်။ကိုယ်တော့်ရဲ့လူကို ကိုယ်တော်ရှာမှာမလို့ ဘုရင်မပြောနဲ့ မိုးကောင်းကင်ပေါ်ကသိကြားမင်းဆင်းတားတောင် တားတဲ့သူနဲ့ စစ်ခင်းရလိမ့်မယ်။ကိုယ်တော့်အသွေးသားတို့က မဆုတ်ပြဲခင်အထိ ကိုယ်တော့်သွေးတွေမြေပြင်ပေါ်မကျခင်ထိ ကိုယ်တော့်လူကိုကိုယ်တော်ကာကွယ်ရလိမ့်မယ် ။ ဒါကိုယ်တော့်သစ္စာပဲ"

ရာဇာ့စကားအဆုံးတင် သုံးယောက်လုံးငိုင်သွားကာ အားတက်လာသည်။

"သွား ငါ့ကောင် ငါ့အဘကစကားတစ်ခွန်းပြောဖူးတယ် ကိုယ်မြတ်နိုးရတဲ့သူအတွက် ဘယ်သူ့မှရပ်တည်ပေးမယ့်သူမရှိတောင် မင်းရဲရင့်စွာရပ်တည်ပေးနိုင်ရမယ်တဲ့ သွား ငါ့ကောင်သွားတော့"

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now