"အရှင်မင်းကြီး ပြည်တောင်ပိုင်းက သူပုန်တွေထကြွနေပါတယ်"
အမတ်ကြီး စောလေ ကပြောသည်။
"ကောင်းပြီ စစ်သူကြီးကို သွားခေါ်ချေ"
"မှန်လှပါဘုရား""အရှင်မင်းကြီး အမိန့်ရှိပါ"
"တော်ဝင်မဟ္ဟာ"တိုင်းပြည်၏ စစ်သူကြီးဖြစ်သူ "အဇ္ဇ"က ဘုရင်ဖြစ်သူ"ရွှေမဟ္ဟာ"၏ရှေ့တွင်ဒူးတစ်ဖက်ထောက်ချပြီး ခေါင်းကိုငုံ့ထား၍ မျက်လုံးက မျက်လွှာချထားသည်ဖြစ်၍အောက်မှာခင်းထားတဲ့ ကောဇောအနီကိုသာကြည့်နေပြီးအမိန့်ကိုနာခံရန်စောင့်မျှော်နေသည်။အသက်က23ကျော်ကျော်ဖြစ်ကာ အသက်နှင့်မလိုက်အောင်ထူးချွန်ထက်မြက်သည်ဖြစ်သည်။ထိုသူက ချပ်ဝတ်တန်ဆာအပြည့်စုံဝတ်ထားပြီး အရှိန်အဝါကရန်သူကိုဒူးထောက်စေသည်။ခခပ်မာမာမျက်နှာကအရှိန်အဝါနှင့်လိုက်ဖက်နေသည်။"ရွှေမဟ္ဟာ"နဲ့သက်တူရွယ်တူဖြစ်ကာ အတူတူကြီးပြင်းလာသည်ဆိုပေမဲ့ ဘုရင်ကိုလေးစားစွာဆက်ဆံပြီးအမိန့်ကိုအမြဲနာခံတတ်သူဖြစ်သည်။
"တောင်ပိုင်းမှာသူပုန်ထကြွနေတယ်"
"ရွှေမဟ္ဟာ"ကရွှေငွေစိန်ကျောက်သံပတ္တမြားတွေစီခြယ်ထားတဲ့ပုလ္လင်ပေါ်မှာထိုင်ရင်းေရေနွေးကြမ်းခွက်ကိုလက်နှင့်ဝွေ့ဝိုက်ကာအေးအေးဆေးဆေးပြောလာသည်မှာ အနည်းငယ်မှစိုးရိမ်ပူပန်မှုမရှိ။"ကျွန်တော်မျိုးသွားရှင်းလိုက်ပ့မယ်"
"ဒီမှာနေတာလဲပျင်းစရာကောင်းတယ် ငါလိုက်ခဲ့မယ်"
"အရှင့်သဘောတိုင်းပါ"
အရိုသေပေးပြီး အဇ္ဇ တစ်ယောက်ပြန်ထွက်လာသည်။
"ဟာ "မေဇွန်ငယ်"ကကြာလိုက်တာဟယ် ဘာလို့မလာသေးတာလဲ မသိဘူး"
"မေဇွန်ငယ်" ဆိုသည်မှာ "တော်ဝင်မဟ္ဟာ"တိုင်းပြည်၏တောင်ဘက်ကတိုင်းပြည် ၏ မင်းသမီး။"ပကာသင်း"နှင့်သက်တူရွယ်တူ ငယ်ငယ်တည်းကသူငယ်ချင်း။
"လဝန်းရယ် သူ့ခမည်းတော်က သူ့ကိုမလွှတ်လို့လားမှမသိတာ"
ပကာကပြောသည်။လဝန်းဆိုသည်မှာ ပကာတို့တိုင်းပြည်ရဲ့အနောက်ပိုင်းကအချမ်းသာဆုံး
သူေဋ္ဌးသမီး။ပကာတို့သုံးယောက်ကမိန်းကလေးသူငယ်ချင်းသုံးယောက်အနေနဲ့ ချစ်ခင်ပြီးအတူတူကြီးပြင်းလာကြသည်။ထိုကြားထဲက "ပကာသင်း"က အထက်မြတ်ဆုံးနဲ့တိုက်ရေးခိုက်ရေးမှာလဲ အကိုတော်ဖြစ်သူကကိုယ်တိုင်
သင်ကြားပေးခဲ့တာကြောင့် တိုက်ခိုက်ရေးမှာအားလုံးထက်သာသည်။
![](https://img.wattpad.com/cover/360676894-288-k944965.jpg)
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...