Part-18(U+Z)

153 12 0
                                    

"ဇွန်ငယ် ကိုယ်တော်တို့သွားရအောင်"

ထိုအခါဇွန်ငယ်မှ ပြာယာသလဲနဲ့ လှည်းပေါ်တက်ပြီး သူငယ်ချင်းတွေနဲ့ ပကာ့ဆီအလောတကြီးလာခဲ့ကြသည်။ရာဇာတစ်ယောက် ပကာ့ဆီကိုအပြေးလာနေပေမဲ့ တိုင်းပြည်နှစ်ခုကြားက အကွာအဝေးအချိန်သတ်မှတ်ချက်သည် 24နာရီလောက်ကြာသည်။ ရာဇာသူ့တိုင်းပြည်ကနေ ညကမှထွက်လာတာဆိုတော့ တော်ဝင်မဟ္ဟာကိုရောက်ရင် သေချာပေါက် နေထွက်နေပြီ။ နေထွက်လျှင် အမိန်ချတော့မည်။ သူချစ်ရတဲ့သူကိုကယ်တင်ဖို့ နောက်ကျသွားမှသူအလွန်ကြောက်ပါသည်။ အတတ်နိုင်ဆုံး အမြနိဆုံးလာနေပါသည်။

မနက်ရောက်သော် လေတွေကဖြည်းညင်းစွာတိုက်ခတ်နေသည်။နေမင်းကြီးကလဲထွက်စပြုနေပြီ။လမင်းကြီးလည်း ဝမ်းနည်းစွာနဲ့ ကွယ်စပြုနေပြီ။နန်းတော်ကြီးထဲမှာလဲ ငိုညည်းသံတွေနဲ့ပြည့်နေသည်။ပကာက ကွင်းပြင်ထဲမှာ ဒူးထောက်လျက်နှင့် သူ့လက်တွေနဲ့ခြေထောက်တွေမှာလဲ သံကြိုးတွေနဲ့။ တစ်ကိုယ်လုံးမှာလဲ သွေးစတွေနဲ့။ မင်းသမီးလေး တော်တော်ပင်ပန်းနေပြီထင်ပါသည်။ မျက်လုံးတောင်မပွင့်နိုင်တော့ မိုင်ငိုင်ပြီး ခြေကုန်လက်ပန်းကျနေသည်။ ကွင်းပြင်ဘေးကမှာလဲ ပြည်သူတွေအများကြီး။ မင်းသမီးလေးကိုဆဲဆိုကြိမ်းမောင်းနေကြသည်။ ပကာထိုလူတွေကိုကြည့်ရင်း ခပ်ဖွဖွလေးပြုံးမိသည်။ အော်......ချစ်ခြင်းမေတ္တာဆိုတာကပြောင်းလဲတတ်တာလား.မယ်တော်.သမီးတော်ကိုမယ်တော်ဆုံးမတဲ့ထဲမှာအဲ့တာဘာလို့မပါတာလဲ..........။
ခနနေတော့ ကောဇောအနီတစ်လျှောက် ခန့်ညားစွာ လမ်းလျှောက်လာသူတစ်ဦး။ မျက်မှောင်တို့ကကြုတ်လျက် လက်သီးတို့ကို ​ကျစ်ကျစ်ပေါက်အောင်ဆုပ်ထားသည်။ ထိုသူကပုလ္လင်ပေါ်ထိုင်လိုက်ပြီး ပကာ့ကိုကြည့်ရင်း မျက်စွန်တို့မှ မျက်ရည်စတို့စတင်စီးဆင်းလာခဲ့သည်။ဘေးမှာကလဲ ဆွေတော်မျိုးတော်တို့က ငိုလျက်။မိခင်နှင့်ဖခင်ဖြစ်သူမှာ ရင်တထုထုနှင့်။ မိခင်ကြီးခမျာ ငိုကြွေးကာ ပိုးလိုအုထားတဲ့သမီးတော်လေး ခုတော့တစ်ကိုယ်လုံးသံကြိုးတွေနဲ့ ပင်ပန်းနေရှာသည်ကိုကြည့်ကည ရင်ကျုံးမရဖြစ်ရသည်။သားတော်ကိုမနေ့ကညက သေဒဏ်မပေးဖို့ ဒူးထောက်တောင်းပန်ခဲ့ပေမယ့် သားတော်ဆန္ဒအရလုပ်ရတာမဟုတ်ဘူး တိုင်းပြည်ရဲ့စည်းကမ်းအရလုပ်ရတာမလို့ ငြင်းပိုင်ခွင့်မရှီ။ဒါမဲ့သေချာပါသည်။ ခုဖြစ်နေသည့်ကိစ္စမှာ ရုပ်ကြမ်းကြီးနှင့် ကြမ်းချင်ယောင်ဆောင်နေသည့် မဟ္ဟာမှာ ရင်အနာဆုံးဖြစ်ပါလိမ့်မည်။ အကုိတော်တစ်ယောက်က သူ့နှမတော်ကိုသတ်ဖို့အမိန့်ပေးရမည်တဲ့လား။ ပကာပြောဖူးပါသည်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now