Part-25(U+Z)

42 5 2
                                    

မယ်တော်ရှေ့ရောက်လာတဲ့မြားဦးကို သန်မာသောနှင်းဆီရိုးတံက ထက်ပိုင်းပျက်စေခဲ့သည်။

"ဝှစ်!"

မြားလာရာကို မယ်တော်ကြည့်လိုက်တော့ မိန်းက​လေးတစ်ဦးက
အပန်းနဲ့အဖြူစပ်ထားတဲ့ ဂါဝန်ရှည်ကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ခေါင်းမှာ ကြာပန်းပုံပါတဲ့ ဆံထိုးနဲ့ဆံနွယ်တို့ကိုထိန်းချုပ်ထားသည်။သပ်ရပ်လှသောထိုမိန်းကလေးအလှက လူတိုင်းကိုငေးမောစေသည်။လက်ထဲမှာလဲ ငွေရောင်လေးတစ်စင်းကိုကိုင်ထားသည်။ ထိုမိန်းကလေး၏ အနောက်တွင်တော့ ခဲရောင်ပိုးထည်ကိုရွှေကွပ်ထားတဲ့ အထည်ကိုဆင်ယင်ထားသည်မှာ တော်ဝင်မျိုးနွယ်ကမှန်းသိသာလှသည်။ ထိုလူ၏ ခေါင်းတွင် ေရွှရောင်နထူးစည်းကို စည်းထားသေးသည်။လက်ထဲတွင်တော့ ဘာမှမပါပါ။လုပ်နေတဲ့ပုံကဆရာကြီးစတိုင်နှင့် လက်ကိုသာပိုက်ထားသည်။ ထို့လူ့ကိုမယ်တော်မြင်တော့ မယ်တော့်၏သွေးသားတို့ကစတင်စကားပြောလာသည်။ ထိုလူကမယ်တော့်ကိုနက်"ရှိုင်း"စိုက်ကြည့်ကာ ခေါ်လိုက်သည်မှာ

"မယ်တော်...."

ငြင်သာသောခေါ်သံတို့ကြား မယ်တော်ဒူးထောက်မိကာ ရှိုက်ကြီးတငင်ငိုကြွေးသည်။

"သား...သားတော်...ရွှေ..လွန်း..သွေး..မဟ္ဟာ နဲ့.....သမီး.တော်လေး..."

ပကာကအရင်လိုချစ်စရာကောင်းအောင်ပြုံးပြလိုက်ပြီး..

"သမီးတော်တို့ပြန်လာပြီ"

ရွှေလွန်းသွေးမဟ္ဟာကတော့ မယ်တော့်နားကပ်ကာ မယ်တော့်ကိုထွေးပိုက်လိုက်သည်။မယ်တော့်က ပကာ့ကိုလာပါဆိုတဲ့အကြ်ည့တို့နှင့် လက်ကိုကမ်းတော့ ပကာကလက်မယ်အလုပ် မကောင်းဆိုးဝါးစိတ်ဝင်နေသော မဟ္ဟာက ပကာ့ကိုနောက်မှဓားနဲ့ဝင်ထိုးသည်။

"ကျစ်!!...အကိုတော်"

မဟ္ဟာဓား၏ထိုးချက်ကို လက်နှစ်ချောင်းဖြင့်အသာယာထိန်းထားသော ပကာက လက်ဖဝါးဖြန့်လိုက်သည်နှင်​့ ကြာပန်းပုံရိပ်လေးပေါ်လာကာ မဟ္ဟာနဖူးထဲဝင်စေပြီး အဆိပ်ပြေစေသည်။ မယ်တော်ကစိုးရိမ်တာကြောင့် ထကာ ပကာ့ကိုဖက်ထားသည်။ ဖြစ်ရပ်တွေကိုရပ်သာကြည့်နေနိုင်သော ခမည်းတော်နား လွန်းသွေးက အရှိန်ဖြင့်သွားကာ

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now