Part-12(U+Z)

138 8 0
                                    

"ဟင်း ဒါဘယ်နေရာလဲ"

ပကာမျက်လုံးကိုဖြည်းညင်းစွာဖွင့်ကြည့်လိုက်တော့ သူမကစိမ်းလန်းစိုပြေတဲ့တောနက်ကြီးထဲမှာရောက်နေတယ်။တစ်ကိုယ်လုံးမှာလဲ ရေတွေရွဲနေတယ်။ဖြည်းဖြည်းချင်းထ ထိုင်ကြည့်တော့ ဘေးပတ်ဝန်းကျင်ကတိတ်ဆိတ်နေတယ်။ငှက်ကလေးများ တေးဆိုသံများနှင့် လေတိုက်သံတို့ကလဲွဲပြီးဘာမှမကြားရ။ပကာရှေ့သို့ဆက်လျှောက်လာတော့ မုခ်ဦးတစ်ခုကိုတွေ့သည်။မုခ်ဦးကိုတစ်လမ်းကျော်လာလိုက်နဲ့

"ဝုန်း!"

ပကာလန့်ကာ နောက်လှည့်ကြည့်တော့ မုခ်ဦးရဲ့နောက်မှာ မီးတောင်တွေ အကုန်လုံးမီးလျှံတွေနဲ့ချည်းပဲ။မှောင်မိုက်ကာ မီးလျှံတွေနဲ့ပြည့်နှက်နေသည်။ထိုအချိန်ကောင်းကင်ယံမှ အနီရောင်ကြာပွင့်ကြီးက ပကာ့ပေါ်မှကျော်ကာရှေ့သို့သွားနေသည်။ထို့ကြောင့်ပကာလဲ ထိုမီးကြာပွင့်နောက်ကိုလိုက်မိသည်။မီးကြာပွင့်က ရုတ်တရက်ရပ်သွားတော့ ပကာရှေ့မှာ လူတစ်ယောက်က မီးကြာပုလ္လင်ပေါ်မှာ ထိုင်နေသည်။တစ်ကိုယ်လုံးအနက်ရောင်များနှင့်သာ။ဘေးမှာလဲ တစ်ယော​က်မှမရှိ။ထိုလူရဲ့ စူးရှတဲ့မျက်ဝန်းများအောက်မှာ ပကာကြောက်လန့်နေသည်။သိူ့သော် ကြောက်စိတ်တို့ကိုထိန်းကာ ရပ်နေလိုက်သည်။ထိုအချိန်

"အော်.. မင်း..ရောက်လာပြီပဲ ကိုယ်တော်ကလွမ်းနေတာ"

"ဘယ်သူပါလဲ"

"ကိုယ်တော်လေ.."

ထိုလူက မျက်နှာကိုမေ့ာလိုက်တော့ အဲ့ဒီလူ။သူအမြဲတမ်းတွေ့တွေ့နေရတဲ့သူ။အကိုတော်နဲ့ဆင်ပေမဲ့ အကိုတော်မဟုတ်တဲ့သူ။

"ဟင်..."

"မင်းဒီနေ့မင်းရဲ့အမှန်တရားကိုသိသင့်ပြီ"

"ရှင်..ရှင်ဘယ်သူလဲ"

"အော် ဟုတ်သားပဲ ကိုယ်တော်မိတ်ဆက်ဖို့ကျန်သေးတယ် ကိုယ်တော်ကမင်းမွေးကတည်းက မင်းကိုသိပေမဲ့ မင်းကတော့မသိဘူးလေ"

"ဟင်!"

"ဟားဟားဟား ကိုယ်တော့်နာမည်က ရွှေလွန်းသွေးမဟ္ဟာ"

နာမည်ကိုကြားသည်နှငိ့ ပကာ့ကိုယ်ထဲကသွေးတို့ဆူပွက်ကာ ရင်း"နှီး"သိသလိုခံစားရသည်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now