"ဟက် မိသစ် နင်ရေအိုးကိုသေချာလုပ်အုန်း ကွဲတော့မယ်"
ရွာအပြင်မှာ မိန်းကလေးအပျိုနှစ်ယောက် နေဝင်ခါနီး ရေခပ်နေကြသည်။ထို့နောက်ရွာထဲကို အချင်းချင်းစကားပြောကင်လာကြသည်။
"ဟက် မိဝါ ငါတို့ဒီလမ်းပဲပြန်ရောက်နေသလိုပဲ"
"ဟမ် အင်းနော် ငါကြောက်လာပြီ"
နောက်တစ်ဖက်လမ်းမှာတော့
"အဇ္ဇ ကိုယ်မင်းကိုတကယ်ချစ်တယ်"
"ဘေးပတ်ဝန်းကျင်ကိုသေချာကြည့်ပြီးသွား...လင်ဒါရူးမနေနဲ့"
"မင်းမှကိုယ့်ကိုချစ်တယ်လို့မှမပြောဘဲနဲ့ မကြည့်ပါဝူး"
"ကျစ်!"
"ချစ်တယ်မလား?ကိုယ်တော့်ကို.....ကိုယ်မှာတော့မင်းကိုချစ်လိုက်ရတာ တုန်နေတာပဲ ငါမင်းကိုပါးစပ်ကိုထည့်ထားလို့ရရင့ထည့်ထားလိုက်ချင်တယ်"
"မင်းပါးစပ်ကြီးနဲ့ငါဘာဝင်လုပ်ရမှာလဲ?တံတွေးစော်ကနံသေးတယ်"
"ဟာ...ကဗျာမဆန်တာကွာ...ဟိုစကားမကြားဖူးဘူးလား အာခံတွင်းလေးထဲ ကိုယ့်ချစ်သူလေးကိုငုံထားချင်တယ်ဆိုပြီး"
"မကြားဖူးပါဘူး မင်းကသာတနှာရူးပြီးအကုန်သိနေတာ အရှင့်လျှို့ဝှက်သူလျှိုမလို့တော်တော့တယ်"
"ကိုယ်ကတနှာမရူးပါဘူး မင်းကိုပဲရူးတာ"
"..ရှူး.....တစ်ခုခုမူမမှန်ဘူး."
"........."
စိတ္တချက်ချင်းရုပ်တည်ကာ ဓားကိုဆွဲထုတ်လိုက်သည်။အဇ္ဇကတော့ဓားအိမ်ကိုတင်းကြပ်စွာကိုင်ကာ ဘေးပတ်ဝန်းကျင်ကိုလေ့လာနေသည်။
"ဟက် မိသစ်ရှေ့ကဘာကြီးလဲ"
ထိုအကောင်ရဲ့အရပ်ကြီးမှာ လူနှစ်ရပ်စာအရှည်ရှိသည်။နားရွက်ကြီးမှာ လူတစ်ရပ်စာရှည်ပြီး လက်သည်းအရှည်ကြီးတို့နှင့် မိန်းကလေးနှစ်ယောက်ကို သူ့သွားစွယ်တွေပေါ်အောင်ရီပြနေသည်။
"အား........."
"အား......."မိန်းကလေးနှစ်ယောက်လက်မှ ရေအိုးတွေလွှတ်ကျသွားပြီး ထိုအကောင်ကြီးက သူတိူ့ဆီတစ်လှမ်းချင်းလာကာ မိသစ်ကိုလက်သည်းတို့နှင့်ဆွဲခြစ်တော့မည်လို့လုပ်စဥ်
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...