စုန်းမရဲ့လောင်ကျွမ်းမှုပြီးဆုံးသွားတာနဲ့ ကောင်းကင်ဟာ တစ်ဖန်ကြည်လင်လာခဲ့သည်။ဘေးပတ်ဝန်းကျင်မှုတော့ အပျက်စီးများနှင့် ပြည်သူအနည်းငယ် ဒဏ်ရာရထားကြသည်။ ပကာကတော့ ချက်ချင်းခမည်းတော်ကိုပွေ့ဖက်ထားကာ မျက်ဝန်းမှမျက်ရည်စတို့လျှံလာခဲ့သည်။
"ခမည်း..တော်...ခမည်းတော်"
လွန်းသွေးနဲ့ မဟ္ဟာကတော့ ဘေးကနေမတ်တပ်ရပ်သားနှင့်။
"ခမည်းတော် သမီးတော်ကိုကြည့်ပါအုန်းလား အကုန်လုံးအေးချမ်းတော့မယ်လေနော် သမီးတော်တို့အေးအေးချမ်းချမ်းနေလို့ရပြီလေနော်"
".........."
("သမီးတော်လေးကတော်လိုက်တာကွာ အေး...ဟုတ်တယ်.. ဖြေးဖြေးလျှောက်....ဟားးးးးငါ့မင်းသမီးလေးကတော်လိုက်တာ"
တစ်နှစ်ကျော်ကျော်သာရှိသေးတဲ့ ပကာလေးကို ရွှေသေလုလမ်းလျှောက်သင်ပေးနေရင်း သူ့ဆီပြေးလျှောက်လာတဲ့ ကလေးငယ်ကို ပွေ့ဖက်ကာ နမ်းလိုက်သည်။
"အီး...ဟီး.....မွ..မွ"
"အင်း..ဟုတ်တယ်..မွမွ..ငါ့မင်းသမီးလေးကိုချစ်လိုက်တာကွာ"
ဘေးကရှစ်နှစ်လောက်အရွယ်မဟ္ဟာကထပြောလိုက်သည်မှာ
"ကဲ...ချစ်လို့ပြီးရင် ပြန်ပေးတော့..နှမတော့်ကိုကိုယ်တော်ပြန်ခေါ်သွားတော့မယ်"
"အေးပါကွာ....မင်းကလဲ...ငါ့သမီးတော်ကိုတောင်ငါချီလို့မဝသေးဘူး")
အတိတ်ကပုံရိပ်တို့က တစ်စုံတစ်ယောက်ထွက်သွားတဲ့အခါမှာပိုထင်ရှားသေသလား.....
မဟ္ဟာကရွှေဝေလုကိုစိုက်ကြည့်ရင်း
("ငါ့သားတော်ကိုငါကလွဲရင်ဘယ်သူမှမထိရဘူး!"
အခြားနိုင်ငံကမင်းသားနှင့်ဘုရင်တို့ကြား ဖြစ်နေတဲ့ပြဿနာတွေက မဟ္ဟာကိုထိခိုက်လာတာကြောင့် မဟ္ဟာရှေ့ကမားမားမတ်မတ်ရပ်တည်လိုက်သူမှာ ရွှေဝေလုပင်။
"ပြောခွင့်ဆိုခွင့်ရှိတယ်ဆိုတိုင်း မလေးမစားမလုပ်နဲ့။မင်းတို့နဲ့စကားပြောနေတာ နောက်ဒီထီနန်းကိုဆက်ခံမယ့် ဘုရင်ချုပ်လောင်း!နောက်တစ်ခါဆို သားတော်..မင်းအာဏာကိုထုတ်သုံးဖို့ ခမည်းတော်ခွင့်ပြုတယ်"
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...