နှစ်နှစ်ကြာသောအခါ
ရာဇာ့၏ဖခင်ဆုံးသွားသည်နှင့်ရာဇာဘုရင်အဖြစ်သို့ရောက်လာသည်။ ဘုရင်တစ်ပါးအနေနဲ့ လက်ဆက်ရမယ်ဆိုတာမဖြစ်မနေဘဲလေ။ သဘောကျမိပြီး တိတ်တိတ်လေးချစ်မိသွားခဲ့တဲ့သူက ခုချိန်ဆိုဘယ်နေရာမှာများရှိနေမလဲ....။ကိုယ်ကတော့မင်းကိုချစ်နေခဲ့ရတာ ပကာ။မင်းကတော့ ကိုယ်တော့်ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ပါလား နှမရယ်။တကယ်လို့နောင်ဘဝဆိုတာသာရှိရင် ကိုယ်တော်မင်းနားမှာရှိနေချင်တယ်။ မင်းကိုချစ်မိတာထက်ပိုတယ် ...မြတ်နိုးမိတာ..မထိရက်သလို ကိုင်လဲမကိုင်ရက်ဘူး...ကိုယ်ကမင်းကိုအဖြေတောင်းဖို့ အားမွေးထားရတာ...ခုဆိုမင်းထွက်သွားတာတော်တော်ကြာပြီနော်။ကိုယ်တော် ကိုယ်တော်မချစ်တဲ့သူတစ်ဦးကိုလက်ဆက်ရမယ် နှမငယ်။မင်းမဟုတ်တဲ့အခြားသူ။ကိုယ်တော်ရင်တွေကွဲမတတ်ပါပဲကွယ်။ ဘယ်နေရာဘယ်မှာပဲရောက်ရောက် မင်းအဆင်ပြေနေမှာပါ။ ကိုယ်မင်းကိုလာရှာမယ် တစ်ချိန်ချ်န်မှာ ကိုယ်တို့ပြန်တွေ့မှာပါ။ဒီဘဝမဟုတ်တောင် နောင်ဘဝ။ ပြန်တွေ့ရင် မင်းကို ကိုယ်မလွှတ်တေ့ာဘူး။ ဒီဘဝမှာဝေးခဲ့ရင်တောင် နောင်ဘဝမှာမဝေးစေရဘူး ဒါကိုယ့်ရဲ့ မင်းပေါ်ထားတဲ့သစ္စာပဲ။
ခနကြာရာဇာ့၏အိပ်ခန်းတံခါးပွင့်သွားပြီး ငင်လာသူမှာ ဇွန်ငယ်နဲ့မဟူရာ။ သူတို့နှစ်ယောက်လဲလက်ဆက်ဖို့ပြင်နေကြပြီလေ။ မဟူရာကသူချစ်တဲ့သူကိုပိုင်ဆိုင်ခွင့်ရခဲ့ပေမယ့် ရာဇာကတော့အချိန်နှောင်းခဲ့တယ်။ ဘယ်နေရာမှာစလွဲသလဲဆိုတော့ ကိုယ့်ရဲ့သတ္တိမရှိမှုတွေမှာလွဲတာထင်ပါရဲ့ နှမငယ်။
"ရာဇာ အဆင်ပြေရဲ့လား"
ဇွန်ငယရဲ့အမေးကို ခေါင်းငြိမ့်ပြတော့ ဇွန်ငယ်သက်ပြင်းချမိသည်။မဟူရာက ရာဇာ့ပုခုံးကိုပုတ်ကာ နှစ်သိမ့်နေသည်။ရာဇာ ဘာမှမပြောဘဲ ပန်းခြံထဲက ဧကရီပင်အောက်မှာခနထိုင်နေသည်။ခနကြာတော့
"ရာဇာ...."
ရာဇာချက်ချင်းပင်ထကာ အသံလာရာကိကြည့်တော့ သူရဲ့ချစ်လှစွာသောတစ်ဦးတည်းမိန်းကလေး ပကာ။ချက်ချင်းပင် ပကာ့ကိုထွေးပွေ့ထားသည်။ပကာက ရာဇာ့နောက်ကျောကိုပုတ်ကာ နှစ်သိမ့်ရင်း ရာဇာမျက်ရည်တို့စီးကျလာသည်။တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်တစ်ပါးက ဒီလိုမျက်ရည်ကျတာ ထူးဆန်းတာပေါ့။
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Ngẫu nhiênဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...