Part-23(U+Z)

73 9 0
                                    

လွန်ခဲ့တဲ့နှစ်သုံးဆယ်

မဟ္ဟာရဲ့ခမည်းတော်"ရွှေဝေလု" အသက်နှစ်ဆယ်လေးအရွယ် လက်ဆက်ရတော့မယ့်အရွယ် ထီးနန်းကိုဆက်ခံနေတဲ့အရွယ်မှာပေါ့။ဘေးပတ်လည်မှာရေကန်လေးပဲရှိပြီး အလယ်မှာထိုင်စရာခုံတန်းရှည်လေးတစ်ခုသာရှိတဲ့နေရာမှာ ခန့်ညားချောမောပြီး တိုင်းပြည်ရေးရာကိုစီမံခန့်ခွဲနိုင်တဲ့အရည်ချင်းများစွာနဲ့ ဘုရင်ငယ်တစ်ပါးထိုင်နေလေသည်။ထိုအချိန်

"အရှင်...."

ဘေးမှ အနီရောင်ဝတ်စုံကိုဝတ်ထားတဲ့ လှပလွန်းယြတဲ့မိန်းမငယ့တစ်ဦးက ရွှေဝေလုနားချဥ်းကပ်ကာ ထိုင်လိုက်သည်။

"ပြောလေ နှမ"

ရွှေဝေလုကပြုံးပြပြီးပြောတော့..

"နှမနဲ့မောင်တော်ချစ်ကြွင်းဝင်နေတာ ဆယ်နှစ်ကျော်ပြီလေမောင်တော် နှမကိုဘယ်တော့လက်ဆက်မှာလဲ"

".........."

ေရွှဝေလု ငြိမ်သက်သွားသည်။ အဲ့ကလေးက သာမာန်လူမဟုတ်ဘဲ နာနာဘာဝတစ်မျိုးဖြစ်နေတာကြောင့်မိဖုရားနေရာပေးဖိူ့ဆိုတာ ဘယ်သူမှလက်ခံမှာမဟုတ်နိုင်ပါ။လူသားနဲ့ နတ်ဆိုးနဲ့က ဘယ်လိုမှပေါင်းဖက်မနိုင်တာ လူတိုင်းသိပါတယ်။
ရွှေဝေလု လက်ခံပေမဲ့ ပြည်သူတွေနဲ့အမတ်တွေလက်ခံမှာမဟုတ်ပါ။ ပြီးတော့ ရွှေဝေလုနဲ့စေ့စပ်ထားတဲ့ ရွှေကော့မြိုင်က ရိုးသားဖြူစင်ပြီး အိ​နြောသိက္ခာနဲ့ပြီးပြည့်စုံတဲ့ မင်းသမီးတစ်ပါး။

"မောင်တော်ဖြေပါအုန်း"

"နှမ.....မောင်တော် သူ့ကိုပဲလက်ဆက်ရလိမ့်မယ်"

"ဘာ?မောင်တော်...မောင်တော်နှမကိုပစ်သွားမလို့လား"

"မောင်တော်က မင်းကိုပစ်ရက်ပ့မလား"

"နှမ က လူသားမဟုတ်တာကြောင့်လားမောင်တော်"

"အဲ့တာတွေက မောင်တေယ့်တွက်အရေးမပါပါဘူး"

"မောင်တော်....နှမကိုပစ်သွားရင် နှမလုံးဝကျေနပ်မှာမဟုတ်ဘူးနော်"

"မောင်တော် မင်းကိုအလွန်ချစ်တယ်....ရော့..ဒါယူထား"

ေရွှဝေလုကသူ့လက်ကောက်တွေနဲ့ဆွဲကြိုးနားကပ်တွေကိုဖြုတ်ပေးလိုက်သည်။ထို့အပြင် ပတ္တမြားအနေတေယ်တစ်ခဲပါ ပါသည်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now