ပကာတစ်ယောက် သူ့အကိုတော် ပစ္စည်းတွေသိမ်းနေတာကိုကြည့်ပြီး
"အကိုတော် ပြန်ရတော့မှာလား"
"အင်း"
"ရာဇာတို့ရော"
"ပြန်ပြီ"
"အော်"
"အကိုတော်"
"ပြော"
"အကိုတော်အဇ္ဇရော"
"သူအလုပ်သူလုပ်နေတယ်"
"အော်"
"အကိုတော်"
"အင်း"
"နှမတော်ရောလိုက်ရမှာလား"
"မလိုက်ချင်နေခဲ့"
"လိုက်မှာနော် ဟီး" နှုတ်ခမ်းထောင့်လေးတွေကွေးတက်သွားအောင် ပြုံးပြလိုက်တော့ မဟ္ဟာ သက်ပြင်းတစ်ချက်ချမိသည်။
"အကိုတော်"
"ပကာ"
"အင်း"
"ဘာပြောချင်လို့လဲ"
"အင်း ဟိုဟာ"
"အင်း"
"အကုိတော်က..... ဘာမှမဟုတ်တော့ဘူး နှမတော်အပြင်ခနထွက်လိုက်အုန်းမယ်နော်"
မဟ္ဟာ က ပကာ လက်လေးကိုဆွဲလိုက်ပြီး
"ဘာပြောချင်လို့လဲ"အသံက ညင်သာစွာထွက်လာသည်။
"ဘာမှမဟုတ်တော့ဘူး နှမတော် မေ့သွားလိူ့ ဟီး"ပြုံးနေတဲ့နှုတ်ခမ်းတစ်စုံရဲ့အပေါ်ကမျက်ဝန်းတွေမှာ မျက်ရည်ကြည်လေးတွေက မျက်ဝန်းထဲကလျှံထွက်တော့မည်။ ကြည့်ရတာ လျှံမထွက်အောင် ထိန်းချုပ်ထားရသည်ထင်သည်။
"ပြောပါ "
ထိုအခါ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေထွက်ကျလာပြီး မဟ္ဟာရဲ့ ရင်ခွင်ကျယ်ကြီးထဲကို သူ့ခေါင်းလေးတိုးဝင်ပြီး လက်လေးနှစ်ဖက်က မဟ္ဟာရဲ့ နောက်ကျောတွေကိုဆုပ်ကိုင်ထားသည်။အကိုတော် တစ်ယောက်အနေနဲ့ သူ့နှမတော် မနက်တည်းက မနက်စာမစားဘဲ ငြိမ်နေပုံကိုကြည့်လျှင် ဘာဖြစ်နေလဲတန်းသိသည်။ဒီကောင်မလေးကဘယ်တုန်းက ငြိမ်နေဖူးလို့လဲ။
"အကိုတော် ပြောခွင့်ပြုမယ်မလားဟင်"
"ပြောပါ နားထောင်နေတယ်"
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...