နောက်နေ့မနက်တွင်
မင်းသမီးလေး အိပ်ရာပေါ်မှာ ဒူးနှစ်ဖက်ကိုလက်တို့ဖြင့် ပိုက်ကာ မိုင်လေနေသည်။
"ကျီ...မင်းသမီးလေး မျက်နှာတော်သန့်စင်.."
"ဝုန်း!ထွက်..သွား..စမ်း..!"
အခန်းထဲကို မျက်နှာသစ်ဖို့ ရွှေဇလုံယူလာပေးတဲ့ အစေခံမလေးတွေကို ဘေးကခေါင်းအုံးနဲ့ကောက်ထုလိုက်တာကြောင့် အစေခံလေးတွေမထိခိုက်ပေမဲ့လန့်ဖြန့်သွားကာ အတုန်တုန် အရီရီနှင့်။ပကာ၏ မျက်နှာတွင် ဒေါသစိတ်များကြီးစိုးနေကာ ဝင်လာတဲ့သူတွေကိုသတ်တော့မည့်အတိုင်း ရန်ငွေ့တွေ တထောင်းထောင်းထွက်နေသည်။
"မင်း..မင်းသမီးလေး"
နောက်မှဝင်လာသူ သာသာ့ဆီသိူ့ ပကာ့အကြည့်များရောက်လာသည်။
"ငါပြောနေတာနားမလည်ဘူးလား!သာသာ!ထွက်သွားစမ်း!သူတို့ကိုခေါ်သွား..ငါမသတ်မိခင်!"
"ရှင်..ဟုတ်..မှန်..မှန်ပါ့ မင်းသမီးလေး"
မနေ့ညက အိပ်ပျော်သွားပေမဲ့ မနက်နိုးတော့ ဘာမှလုပ်ချင်စိတ်မရှိ။ အိပ်ခန်းထဲဝင်လာသူမှန်သမျှကိုလဲ မောင်းထုတ်ပစ်မိသည်။ သာသာကတော့ ပိတ်ထားတဲ့တံခါးလေးအဝမှာ ဒူးလေးတုတ်ထိုင်နေပြီး ပကာ့ကိုစိတ်ပူနေရှာသည်။ တစ်ခါမှမဖြစ်ဖူးတဲ့ မိုင်ငိုင်နေပြီး ဒေါသတို့ကြီးစိုးနေတဲ့ ပကာ့၏စိတ်နှင့် အမူအရာတို့ကို မြင်ရသည့်အခါ ကြောက်လန့်နေရသည်။ဒီလိုမဖြစ်စေချင်ပါ သူတို့အနေနှင့် ပကာက အမြဲတန်းပြုံးပျော်ရွှင်နေတတ်တဲ့ သူတစ်ယောက်မလား။ အမြဲတမ်း ကြင်နာတတ်ပြီး လူတစ်ယောက်ကိုဒေါသထွက်ဖို့ဆိုတာ အဝေးကြီးမှာ။ ခုတော့ သူမဟုတ်တဲ့ အခြားသူတစ်ယောက်လိုပြောင်းလဲနေတာ။ အမြဲတမ်း နတ်သမီးလေးနဲ့တူနေတတ်တဲ့ ကောင်မလေးက ခုတော့မကောင်းဆိုးဝါးတိုင်းပြောင်းလဲနေတယ်တဲ့လေ။
××××××××××××××××××××××××××××××××××
"ဘယ်သွားမလို့လဲ"
စိတ္တက အပြင်သွားရန်ပြင်ဆင်နေသည့် အဇ္ဇကို အိပ်ရာပေါ်ကနေဆရာကြီးစတိုင်နှင့်လှမ်းမေးလိုက်တော့
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...