Part-5(Uni+Zawgyi)

281 9 0
                                    

မင်းသမီးလေး နားတော်ဆောင်ထဲမှာ အိပ်နေသည်။အထိန်းတော်ကြီးက နန်းတော်မှာဆိုတော့  အစေခံတွေကဆေးလိမ်းပေးထားသည်။"မဟ္ဟာ"က ဘေးကနေ ထိုင်ခုံပေါ်မှာ ခြေတစ်ကိုတစ်ဖက်ပေါ်ချိတ်လျက်ထိုင်နေသည်။လက်တစ်ဖက်ကရေနွေးခြမ်းခွက်ကို ဝေ့ဝိုက်နေသည်။ပကာနိုးလာသည်။ပကာက အဖြူရောင်ပိုးကို ဂါဝန်လက်ရှည်လေးနဲ့ ကျက်သရေရှိစွာဝတ်ဆင်ထားသည်။

"နိုးပြီလား"
"ဟုတ်"
"အပြင်မှာ မင်းသူငယ်ချငိးတွေစောင့်နေတယ် သွားတွေ့လိုက်အုန်း"
"နှမတော် လမ်းမလျှောက်နိုင်ဘူး"
"အဲ့တော့ ကျွန်တော်မျိုးက မင်းသမီးကို ချီသွားရမှာလား"
"....."
"အော်သိပြီ ထမ်းစင်ကိုအိပ်ခန်းထဲကနေ အပြင်ကိုထွက်လို့ရအောင် ခေါ်ပေးရမှာလား"
"အကိုတော် နှမတော် တကယ်လမ်းမလျှောက်နိုင်ဘူး"
"ငါ မြင်းသွားခေါ်ပေးရမှာလား"
"အဲ့ထက်ကောင်းတဲ့ အကြံရှိတယ်"
"ဆိုပါအုန်း"
"အကိုတော်အပြင်ထွက်ပြီး သူတို့ကိုဝင်ခိုင်းလိုက်"

"မဟ္ဟာ"၏မျက်ခုံးတစ်ဖက်ပင့်တက်သွားသည်။မကြောက်မရွဲ့နဲ့ သူ့ကို ဒီလိုပြောရဲတာသူတစ်ယောက်သာရှိသည်။
(အကိုတော်က ကဗျာမဆန်လိုက်တာ ဒါကြောင့်မိဖုရားမရှိတာ)

/()နဲ့ပြောတွေက စိတ်ထဲကပြောတာတွေပါနော်/

"ဟ ကိုယ်တော်ကထွက်ပေးရအောင် ဒါကိုယ့်အခန်းလေ ထွက်ချင်ရင်ကိုယ့်ဘာသာထွက်"
"ပကာ"ကနှုတ်ခမ်းလေးစူလာပြီး "မဟ္ဟာ"၏ခြေထောက်တစ်ဖက်လှုပ်ရမ်းခါပြောလာသည်။

"အကိုတော်ရယ် ခန​ေလးပါ"

"မဟ္ဟာ"သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားသည်။ထို့နောကိဟိုလေးကောင်ရောက်လာပြီး

"ဟ ပကာ နင်ဘယ်လိုဖြစ်တာလဲ"မဟူရာကမေးတော့
"မမြင်ဘူးလား နင်တို့ကျေးဇူးကြောင်​့ ပြောတော့ သူ့ယုံရင်ဘာမှမဖြစ်ဘူးတဲ့ ခုငါခြေထောက်ကျိုးပြီ"
"ငါပြောသားပဲ ပကာရယ် သူ့ကိုမယုံပါနဲ့လို့"လဝန်းပြောသည်။
"မပူနဲ့ မဟူရာ ငါ့ခြေထောက်ပြန်ကောင်းလာရင် နင့်ကိုအရင်သတ်မှာ"
"ပကာ မင်းအကိုတော်ရော"

ရာဇာ့က ပြောတော့

"မမြင်ဖူးလား အပြင်ထွက်သွားတယ်"
"ဟုတ်ပြီ သူ့နဲ့သွားတွေ့လိုက်အုန်းမယ်"
"သွားသွား ငါ့အကိုတော်ကို ယူမယ့်မိဖုရားတစ်ယောက်လောက်ရှာပေးကြပါ"
"ဘာလို့လဲ"
"ဇွန်ငယ် ငါသူ့ကိုနိုင်တဲ့သူကိုမြင်ဖူးချင်သေးတယ်"
"ဟား ဟား ဟား"
အကုန်လုံးက ရီကြသည်။ပကာကတော့ အားမလိုအားမရနှင့်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now