Part-15(U+Z)

117 10 0
                                    

ရာဇာနှင့် မဟူရာ က နန်းတော်ထဲမှာ လမ်းလျှောက်ရင်းစကားပြောနေကြသည်။

" ရာဇာ ခုတလော ပကာဘာဖြစ်နေလဲမသိဘူးနော် သူမူမမှန်ဘူး"

"အင်း သူအမှန်တရားတွေကိုလက်မခံနိုင်သေးတာပါ အဆင်ပြေသွားမှာပါ အရာအားလုံးက အချိန်နဲ့ပဲကုစားကြရတာပါပဲ"

"အင်း မင်းလဲကြင်ယာတော်မရှာသေးဘူးလား"

"မင်းသာအရင်ယူစမ်းပါ"

"အရင်ယူရအောင် ယူဖို့လူတောင်ရှာမတွေ့သေးဘူး"

ရာဇာက နှုတ်ခမ်းတွန့်ရုံမျှပြုံးလိုက်ပြီး လမ်းလျှောက်ရင်းရပ်လိုက်ပြီး မဟူရာ့ကိုလှည့်ကြည့်လိုက်သည်။

"သေချာလို့လား"

မဟူရာ နည်းနည်းကြောင်သွားပြီး ရပ်နေရာနေ ဆက်လမ်းလျှောက်လိုက်သည်။ရာဇာကလဲနောက်ကနေဆက်လိုက်လာသည်။ထို့နောက် မဟူရာ့အိပ်ခန်းထဲသို့လျှောက်လာရင်း ရာဇာလဲပါလာသည်။မဟူရာက ရာဇာမလိုက်လာဘူးအထင်နှင့် ဝင်ပေါက်ကိုအေးအေးဆေးဆေးသက်ပြင်းချရင်းလှည့်ကြည့်မိရာ မဟူရာနောက်မါျရာဇာရပ်နေသည်။

"ဟမ် သေချာလို့လား"

"ဘာလားကွ သေချာပါတယ်ဆို"

"ဟင့် ဇွန်ငယ်ကလဲမင်းနဲ့လိုက်ပါတယ်"

"ဘာတွေပြောနေတာလဲ ငါရှက်လာပြီ"

မဟူရာပြောရင်း ပြုံးမိသည်။

"အဟမ်း ဟမ်း"

ရာဇာက ချောင်းဟမ်းလိုက်တော့ ပြုံးနေတာကိုလက်စသတ်ပြီး ပြန်ရုပ်တည်လိုက်သည်။

"မင်းလုပ်စရာရှိသေးတယ်မလား သွားတော့သွား ငါ့အိပ်ခန်းထဲထိဘာလိ​ု့လိုက်လာတာလဲ"

"မေးစရာရှိလို့"

"မေး"

"မင်းဘယ်တော့ဇွန်ငယ်နဲ့လက်ဆက်မှာလဲ"

"ငါမဆဲမိခင်သွားလိုက်တော့"

"မင်းကလဲကွာ"

ရာဇာကပြောရင်း မဟူရာကို လက်နဲ့ကြမ်းကြမ်းရိုက်လိုက်သည်။ ရာဇာရိုက်လိုက်တော့ မဟူရာကရာဇာကိုပြန်ပုတ်ခတ်ရာ နှစ်ယောက်သားသတ်နေကြသည်။ မဟူရာကရှက်ရှက်နှင့် ပုတ်ထုတ်နေသည်။ရာဇာကလဲ မဟူရာ၏ပုတ်ထုတ်နေတာကို လက်နှင့်ချုပ်ရင်း မဟူရာကရာဇာ့ရင်ခွင်ထဲရောက်နေသလိုဖြစ်နေသည်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now