"ဘယ်လို မဆင်မခြင်လုပ်ရပ်လဲ!"
"ပကာ့"ကိုစူးစူးရဲရဲစိုက်ကြည့်ပြီးပြောနေသူက ချပ်ဝတ်တန်ဆာတွေဝတ်ထားပြီး စစ်တိုက်နေသည်နှင့်တူသည်။ထိုသူက သူ့ဆံနွယ်ရှည်တွေကို ရွှေကြိုးနဲ့ထုံးစည်းထားသည်။လက်ထဲမှာလည်း ရွှေရောင်လေးတော်ကိုကိုင်ဆိုင်ထားသည်။
"အကိုတော်!"
ဟုတ်တယ်။သူတို့ရောက်နေတာက ပြည်တောင်ပိုင်းလေ။"မဟ္ဟာ"တို့ သူပုန်တွေထကြွနေလို့ရောက်နေတာလည်း တောင်ပိုင်း။
"မင်းကိုငါ ဒီကိုမလာဖို့မပြောထားဘူးလား"
"နှမတော်ဒီနေရာက သူပုန်ထကြွတဲ့နေရာမှန်းမသိလို့ပါ"
"ကျစ် မင်းကိုငါတောင်ပိုင်းကိုခြေမချနဲ့လို့မပြောထားဘူးလား!""မဟ္ဟာ"ရဲ့ သြဇာအာဏာအပြည့်နဲ့အော်ငေါက်တဲ့ အသံက "ပကာ"ကိုတုန်လှုပ်စေသည်။
"အကိုတော် နှမတော်မှ မသိတာလို့ ဟင်း...ဟင်း..."
ပြောပြီး ငိုပါတော့သည်။
"လာခဲ့ နင်ခြေထောက်တွေကျိုးဖို့ပြင်ထား"
"အာ့ အကိုတော်နာတယ်""ပကာ"လက်ကိုဆွဲဆောင့်ကာ သူ့မြင်းပေါ်ဆွဲခေါ်သွားသည်။နောက်က "အဇ္ဇ"က မင်းသမီးရဲ့မြင်းကိုပါ ေခါ်လာရသည်။
"ပကာ"ကို တောထဲကခေါ်ထုတ်သွားပြီး သူတိူ့တပ်ရှိတဲ့နေရာကိုခေါ်ဆောင်သွားသည်။"အကိုတော် သူတို့ကျန်သေးတယ် မဖြစ်ဘူး သူတို့ကိုသွားခေါ်ရအုန်းမှာ"
"မင်းပါးစပ်ထပ်မပိတ်သေးရင် ငါပိတ်အောင်လုပ်ပေးမယ်"မင်းသမီးလေးငြိမ်သက်သွားသည်။ဟိုလေးကောင်က ရှာနေတော့မှာပေါ့။သူတို့အဆင်ပြေပ့မလား။
တပ်ဆီရောက်တာနဲ့ "ပကာ့"ကို အခန်းတစ်ခန်းဆီဆွဲခေါ်လာသည်။
"မင်းက မခန့်တာလား ကလန်ကဆန်လုပ်တာလား ငါမင်းကိုလွှတ်ပေးထားတာ 2လလောက်ပဲရှိသေးတာကို အကန်းတက်ချင်နေပြီပေါ့ ဟုတ်လား"
"မဟုတ်ပါဘူး ဟင်း..."
"မင်းအဲ့နေရာကို ငါသာမလာရင် မင်းဘာဖြစ်သွားမယ်ထင်လဲ"
"....."
"မေးနေတာ မဖြေချင်ဘူးပေါ့ ကောင်းပြီလေ.. လူလာစမ်း!""မဟ္ဟာ"အော်သံကြောင့် အစေခံတစ်ယောက်ရောက်လာသည်။
"အမိန့်ရှိပါ အရှင်မင်းကြီး"
"ငါ့ကို ဝါးခြမ်းပြားကိုအခုချက်ချင်းခွဲလာပေးခဲ့"
"အမိန့်တော်တိုင်းပါ"
YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Randomဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...