Part-3(Uni+Zawgyi)

316 8 0
                                    

"ဗိုက်ဆာတယ်ဟ တစ်နေရာရာဝင်ပါအုန်း ရှေ့ကနှစ်ကောင်"
"မဟူရာ နင်ကလဲ အမြဲတမ်း ငတ်နေတာပဲနော်"
"ဇွန်ငယ် နင်လဲစားမှာပဲမလား ပြီးရင်သူချည်းပဲ ဝက်မလေးလိုစားမှာ"
"ဟေ့ နင်သေချင်နေပြီလား နင်ကမှဝက် ဝက် လူလိုမစားဘဲ ဝက်လိုစားမှာ"
"ပလာပလာပလာ"
"နားညီးတယ်"
"ရာဇာ့"၏​စိတ်ရှုပ်ထွေးစွာထွက်လာသော အသံသြသြကြောင့် တိတ်ဆိတ်သွားသည်။

ခနကြာသော် ရွာလေးထဲက စားသောက်ဆိုင်မှာရပ်လိုက်ပြီး မြင်းတွေကိုချည်ကာ စားသောက်ဆိုင်ထဲဝင်လာခဲ့သည်။ဝင်တာနဲ့ စားပွဲလွတ်မှာဝင်ထိုင်ကြသည်။ဘေးဘီကိုကြည့်တော့ ရွာလေးကသာသေးတာ စည်စည်ကားကား ဆူဆူညံညံနဲ့ပင်။

"ကဲ စားလို့သောက်လို့ရပြီ အရှင်မင်းသား"
ဇွန်ငယ် ကခပ်ရွဲ့ရွဲ့ပြောသံကြောင့် "ရာဇာ"ကလွဲပီး ကျန်သူတွေပြုံးစိစိနဲ့လုပ်မိသည်။
စားသောက်နေရင်း "ရာဇာ"က"ပကာ"ကိုစကားစလာသည်။

"မင်းအကိုတော်က သူပုန်နှိမ်နင်းဖို့သွားမယ်လို့ကြားတယ်"
"အွန်း ဟုတ်တယ် အကိုတော်ဘာလို့သူကိုယ်တိုငိလိုက်သွားလဲမသိပါဘူး"
"သူမင်းကို ဘယ်နှစ်ရက်ခွင့်ပြုထားတာလဲ"
"တစ်ပတ်တဲ့ တစ်ပတ်ကျော်ရင်ငါသေပြီ"
"ကိုယ်တို့ပြန်ရင် မင်းအကိုတော်နဲ့ ကိုယ်တော်ပြောစရာရှိသေးတယ်"
"အမ်း ကြိုပြောထားမယ် အပေါင်းသင်းတိူ့ ငါပြန်တာနဲ့အကိုတောိက စစ်သူကြီးနဲ့ငါလေ့ကျင့်ရမယ်ပြောတယ် ငါတစ်လလောက် အပြင်ထွက်လို့ရမှာမဟုတ်ဘူး"
"အေးပါ ပကာရယ် သေချာလဲလုပ်အုန်း နင့်အကိုတော်က ကြောက်စရာရီး"
"လဝန်း ငါ့ကိုရောမကြောက်ဘူးလား"
"ကြောက်လားမကြောက်လားသိချင်ရင် တစ်ပွဲလောက်နွှဲမလား မဟူရာ "
"ဟဟ ကလေးတွေတွက်အချ်န်မရှိဘူး"

ဟာသလေးနှင့်ရောနေသည့်စားပွဲဝိုင်းလေးက ကြည်နူးစရာပင်။

ရွာတွင်းကိုလှည့်ပတ်ရင်း 3ရက်က ကုန်ဆုံးသွားပြီ။
တစ်ဖြည်းဖြည်းတောင်ပိုင်းကတောအုပ်ထဲရောက်သွားကြသည်။

"မှောင်တော့မယ်ကွ"
"အွန်း နေစရာရှာရ​တော့မယ်"

သွားရင်းနဲ့ဂူကြီးတစ်လုံးတွေ့တာနဲ့ဝင်နားလိုက်သည်။
အန္တရာယ်ရှိမရှိစစ်ဆေးရန် "ရာဇာ"ဓားကိုထုတ်ပြီး ဂူကိုလိုက်၍စစ်ဆေးသည်။ရန်မရှိတော့မှ မီးပုံဖိုလိုက်ပြီး ပတ်ဝန်းကျင်ကိုလင်းထိန်စေသည်။ညသန်းခေါင်ရောက်သော်
ဂူအပြင်ဘက်ကဟိန်းသံက မြေကြီးကိုတုန်လှုပ်စေသည်။ဟိန်းသံကြော်င့5ယောက်လုံးလန့်နိုးပြီး သူတို့ လက်ထဲကဓားတွေကိုသေချာဆုပ်ကိုင်ထားသည်ရောက်နေတာက တောနက်ထဲမှာဆိုတော့ အကုန်လုံးသိလိုက်ပါတယ်။ဂူကိုကြည့်တာနဲ့"ပကာ"နဲ့"ရာဇာ"တို့သိလိုက်ပေမဲ့ ခနတာ ဝင်နေဖို့ရန့် အခြားနေရာမရှိတာကြောင့် ကျန်တဲ့သူတွေကိုမပြောဘဲ ဝင်နေလိုက်သည်။သူတိူ့တွေကြောက်မှာကိုလဲမလိုလားတာကြောင့် မပြောဘဲနေခဲ့ ပါသည်။ဂူထဲကိုလျှောက်လာတဲ့ခြေသံကသူတို့ဆီဦးတည်လာသည်။နီးလာတာနဲ့သမျှ သူတို့လက်ထဲက ဓားတွေကို ကျစ်သထက်ကျစ်အောင် ကိုင်ထားကြသည်။ပုံစံတွေကတိုက်ခိုက်ဖို့အနေအထားအသင့်နှင့်။ရှေ့ရောက်လာတော့ အားလုံးထင်ထားတဲ့တိုင်းပဲ သန်သန်မာမာနဲ့ သူတို့သုံးကိုယ်စာလောက်ရှိတဲ့ တောဘုရင်ခြသေ့်ကြီး။ခြသေ့်ကြီးက "ပကာ့"ကိုစိုက်ကြည့်နေပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။"ပကာ"ကကြောက်ရွံမှုမရှိဘဲလက်ထဲကဓားကိုသာဆုပ်ကိုင်ထားသည်။"ရာဇာ့"က ခြသေ့်ကြီးက"ပကာ"ကိုကြည့်နေတာကြောင့် "ပကာ"ရှေ့ကိုမားမားမတ်မတ်ဝင်ရပ်လိုက်သည်။

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now