မနက်ရောက်သော် မဟူရာနဲ့ဇွန်ငယ်တို့လည်းရောက်လာကြသည်။နန်းတော်ရှေ့ကိုရောက်သော ရာဇာကနန်းတော်အပေါက်ဝမှာ လက်ပိုက်ကာကြည့်နေသည်။မဟူရာကရထားလုံးပေါ်ကဆင်းပြီး လက်ဖဝါးကိုဖြန့်လိုက်သည်နှင့် ဇွန်ငယ်က သူ့လက်ကိုကိုင်ကာဆင်းလားခဲ့သည်။ထိုအချိန် နောက်ထပ်မြင်းလှည်းတစ်စီးက ဝင်လာသည်ကြောင့် မဟူရာသေချာကြည့်နေမိသည်။ထို့နောက် ထိုမြင်းလှည်းတွင်းမှ ရွှေမဟ္ဟာထွက်လာသည်။ရွှေမဟ္ဟာ၏တည်ကြည်ခန့်ညားမှုမှာ ပြောလို့မဆုံးပင်။တည်ကြည်စူးရဲသောမျက်လုံးတစ်စုံ၊ အပန်းရောင်ရှိသောနှုတ်ခမ်း၊ 6ပေကျော်သောအရပ်၊ သေချာကြည့်ရင် ဝင်းဝါနေသောအသားအရေ၊ ကာယဗလတို့နှင့်ပြည့်စုံသောခန္ဓာကိုယ်၊ အရှိန်အဝါကြီးသော် ဘုန်းတန်ခိုးတို့က မြင်သူတိုင်းကို ကြောက်ရွံစေသည်။ ေရွှမဟ္ဟာနောက်မှ လိုက်ဆင်းလာသူက ဗိုက်ပူပူလေးနှင့် လှပသော အမျိုးသမီး ခတ္တာ။တစ်ကယ်ကိုလိုက်ဖက်လွန်းပါတယ်။အကုန်လုံးမဟ္ဟာကိုမြင်သည်နှင့် အစေခံတွေက ဒူးထောက်လိုက်သည်။မဟူရာနှင့်ဇွနိငယ်ကလည်း အရိုသေပေးရသည်။မကြောင်တောင်တောင်ပင်။ဘာလို့လိုက်လာတာလဲပေါ့။သူကနန်းတော်မှာရှိနေရမှာလေ။ရွှေမဟ္ဟာကနန်းတော်ပေါ်ကိုလှေကားတစ်ထစ်ချင်းတက်လာပြီး ရာဇာရှေ့ရောက်တော့ ရာဇာကဒူးတစ်ဖက်ထောက်လိုက်သည်။ရာဇာဘေးက အဇ္ဇကဒူးနှစ်ဖက်လုံးထောက်ချကာ ခေါင်းငုံ့ထားမိသည်။
မဟ္ဟာက ရာဇာ့ကိုကြည့်ကာပြောလိုက်သည်။" ထပါ ကိုယ်တော့်နှမတော်ရော"
ထိုအခါမှ ရာဇာထလာပြီး"ပကာ ကအိပ်နေပါတယ်"
မဟ္ဟာ၏မျက်ခုံးတို့တွန့်ချိုးသွားပြီး
"ဟွန်..ဒီချိန်ကိုအိပ်နေတယ်?"
"မှန်ပါ..သူမနေ့ကပင်ပန်းထားလို့နေမှာပါ အရှင်"
"ဟုတ်ပြီ စောင့်ကြတာပေါ့"
"ကြွတော်မူပါ အရှင်"
ရာဇာကနန်းတော်ထဲကိုခေါ်သွားသည်။အဇ္ဇမှာတော့ သူ့အရှင်ရဲ့ မျက်ရိပ်မျက်ကဲကိုနားလည်တာကြောင့် စိတ်ဆိုးနေမှန်းသိသည်။
ထို့ကြောင့် ထဖို့ပြောမလာတဲ့တွက် ဆက်ဒူးထောက်ထားခိုင်းမှန်း နားလည်လိုက်သည်။ခန်းမဆောင်ထဲမှာ အကုန်လုံးထိုင်နေစဥ် ဘယ်သူမှစကားစမပြောရဲ။မဟ္ဟာကလည်း ပုလ္လင်ပေါ်ကိုခြေတစ်ဖက်တင်ပြီး တစ်ဖက်ကိုချထားပြီး လက်တစ်ဖက်က ရေနွေးကြမ်းခွက်ကိုကိုင်ထားသည်။ထိုအချိနိခန်းမဆောငိတံခါးပွင့်လာပြီး သခွားရောင်ဂါဝန်ရှည်ကို အပေါ်ထည်တစ်ထပ်နှင့်ထပ်ဝတ်ထားပြီး ဆံနွယ်တို့ကို စိန်ကျောက်တန်းတို့နှင့် ဆံကျစ်ကျစ်ထားသူ ဝင်လာသည်။ထိုသူမှာ ရွှေမဟ္ဟာ၏ နှမတော် ရွှေပကာသင်း။ပကာလည်ပင်းမှာလဲ အနီရောင်ပုဝါကိုပတ်ထားသည်။ပကာနည်းနည်းကြောက်ပေမဲ့ သူ့အကိုတော်ကိုသေချာရင်ဆိုင်ဖို့တွေးထားသည်။ထို့ကြောင့် ကောဇောအနီတစ်လျှောက်တစ်လှမ်းချင်းတည်ငြိမ်စွာလှမ်းလာပြီး ရာဇာရှေ့မှာ အရိုသေပေးလိုက်သည်။ထို့နောကိထကာ ကိုယ့်နေရာမှာကိုယ်ဝင်ထိုင်လိုက်သည်။ခန်းမဆောငိကြီးကတိတ်ဆိတ်နေပြီး ဘယ်သူမှလဲစကားမစရဲ။ပကာက အခြေအနေကိုအဆုံးသတ်သင့်ပြီဟုထင်တာကြောင့် စကားစလိုက်သည်။အကိုတော်ဖြစ်သူက လည်ပင်းကပုဝါကိုစိုက်ကြည့်လာတာကြောင့် စကားကိုလျင်မြန်စွာစတင်သည်။

YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Acakဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...