Part-21(U+Z)

153 8 0
                                    

"အရှင်မင်းကြီး"

စိတ္တရဲ့ အလျင်စလိုခေါ်သံကိုကြားတော့ မဟ္ဟာလမ်းလျှောက်နေရင်းရပ်ကာ စိတ္တဘက်လှည့်ကြည့်လိုက်သည်။စိတ္တကမဟ္ဟာရှေ့ရောက်တော့ ဒူးတစ်ဖက်ကိုထောက်ချကာ အရိုပေးပေးပြီး

"အရှင်မင်းကြီး တိုင်းပြည်ထဲက ရွာတွေထဲမှာ
ပြည်သူတွေတိတ်တဆိတ်သတ်ခံနေရပါတယ် မနေ့ညကလဲ မိန်းကလေးတစ်ဦးသေဆုံးသွားပါတယ်"

ပုလ္လင်ပေါ်မှာ ထိုင်နေတဲ့ မဟ္ဟာမျက်မှောင်ကျုတ်သွားပြီး

"ဘယ်လိုဖြစ်တာလဲ"

"ကျွန်တော်မျိုးစုံစမ်းတဲ့အရတော့ သေတဲ့သူတွေကထူးဆန်းပါတယ် အရှင်မင်းကြီး ဒေသခံတစ်ချို့ပြောကြတာကတော့ မကောင်းဆိုဝါးတွေမြင်မြင်နေရတယ်တဲ့"

"ဆက်စုံစမ်းထားလိုက်စိတ္တ ကျန်တာ ကိုယ်တော်ဆက်လုပ်မယ်"

"မှန်ပ့အရှင်"

"အော်ဒါနဲ့ အဇ္ဇကိုပါလုံခြုံးရေးထိန်းချုပ်ထားဖို့ပြောလိုက်ပါ အထူးသဖြင့် ရွာတွေထဲကိုသေချာဂရုစိုက်ပါ တစ်ခုခုထူးရင်ချက်ချင်းအကြောင်းပြန်ပါ"

"အမိန့်တိုင်းပါအရှင်"

စိတ္တအရိုသေးပြီးထွက်ခွာသွားသည်။မဟ္ဟာစိတ်ထဲတစ်ခုခုကိုတွေးနေကာ စိတ်တွေရှုပ်ထွေးနေသည်။

*************************************

"ကွာ ဒီညတော့သားကောင်မိပြီဟေ့"

ညဘက်ကြီး ယုန်လိုက်နေတဲ့ အသက်လေးဆယ်ကျော်ယောကျာ်းသားတစ်ယောက်က မိထားတဲ့သားကောင်ကိုပိုက်ထဲမှထုတ်နေသည်။ညမှောင်နေပြီဆိုတော့ ဘာမှလဲမမြင်ရ။သူနှင့်လက်နှိပ်ဓာတ်မီးလေးသာရှိ၍ ေဘးပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည်။ထိုလူက ယုန်ကိုနားရွက်မှကိုင်၍ရွာထဲသို့ပြန်လာသည်။
ရွာထဲသို့လာသည့်လမ်းတွင် မိန်းကလေးတစ်ဦးက ရွာလမ်းမပေါ်မှာဆံနွယ်တို့ကိုချည်နှောင်နေသည်။ထိုယောကျာ်းကမိန်းကလေးနားကပ်သွားပြီး

"ဟေ့ ကလေးမလေး ညမှောင်နေပြီကွယ် အိမ်ပြန်တော့ အန္တရာယ်များတယ်"

ထိုလှပတဲ့မိန်းကလေးက ထိုယောကျာ်းကိုကြည့်ကာ

"ဟင် ဗိုက်ဆာလို့ အစာထွက်ရှာတာပါ"

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now