Part-24(U+Z)

127 9 0
                                    

ညက စုန်းမခြိမ်းခြောက်သွားတဲ့စကားသံတွေက မဟ္ဟာကိုမကြောက်ရွံစေပေမဲ့ မဟ္ဟာကျန်ရှိနေသေးတဲ့ မိဘနှစ်ပါးနဲ့ တိုင်းပြည်၊ပြည်သူပြည်သားတွေအတွက်စိုးရိမ်ရသည်။ ရွာထဲမှာဖြစ်နေတဲ့ သရဲတစ္ဆေခြောက်လန့်တာတွေကလည်း ဒီစုန်းမလက်ချက်ကြောင့်ဆိုတာ မဟ္ဟာသိသွားပြီမလို့ အဇ္ဇနှင့်စိတ္တကိုပြန်ခေါ်ထားလိုက်သည်။ မနက်ရောက်လို့ စုန်းမပြောထားတဲ့တိုင်းဖြစ်လာရင် ပြည်သူပြည်သားတွေကိုရွေ့ပြောင်းဖို့နဲ့ မိဘနှစ်ပါးကိုဘေးကင်းရာခေါ်သွားဖို့ အဇ္ဇနှင့်စိတ္တကို တာဝန်ပေးထားလိုက်သည်။ ထိုစုန်းမကပြောရင်ပြောတဲ့တိုင်းလုပ်တတ်ပြီး အညိုးတေးကအလွန်ကြီးသည်။ထိူ့ကြောင့် မဟ္ဟာအနေနဲ့ သူ့အားနည်းချက်တွေကိုဆုပ်ကိုင်လို့မရအောင် အစွမ်းကုန်ပြင်ဆင်ထားရသည်။

"စိတ္တ နဲ့ အဇ္ဇ"

"မှန်ပါ့အရှင် ကျွန်တော်မျိုးတို့ရောက်ရှိကြောင်းပါ"

"ထပါ....ကိုယ်တော်ပြောစရာရှိတယ်..."

မဟ္ဟာရဲ့လေသံက အေးဆေးပြီး တည်ငြိမ်နေတာကြောင့် ကိစ္သကြီးတစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုတာ စိတ္တတို့သိနေတာကြောင်​့ သေချာရပ်ပြီးနားထောင်မိသည်။

"စိတ္တနဲ့အဇ္ဇ...မင်းတို့က ကိုယ်တော့်ရဲ့လက်ရုံးတော်တွေဖြစ်ခဲ့တယ် ကိုယ်တော်ယုံကြည့်စိတ်ချရတဲ့သူတွေလိုမျိုး သစ္စာရှိခဲံတယ် တိုင်းပြည်ကိုလဲကာကွယ်လိုစိတ်ရှိတယ်..တကယ်လို့ မင်းတို့နဲ့နောင်ဘဝမှာပြန်တွေ့ခဲ့ရင် ကိုယ်တော့်ကိုဒီလိုပဲသစ္စာရှိပေးပါ ကိုယ်တော့်ရဲ့ညီနောင်တွေအဖြစ်ပြန်မွေးဖွားပေးပါ"

အဇ္ဇချက်ချင်းဆိုသလိုပင်

"အရှင် အရှင်..ဘာတွေမိန့်နေတာလဲဘုရား...ဒါမကောင်းတဲ့နိမိတ်တွေမို့မပြောသင့်ပါဘူး...ကျွန်တော်မျိုးတို့ကအရှင်ရဲ့ကျေးကျွန်တွေအဖြစ်အမြဲရှိနေမှာပါ နောင်ဘဝမကလို့ ဘဝဆက်တိုင်း အရှင့်နားမှာခစားမှာပါ အရှင်အဲ့တွက်မကြောင့်ကြပါနဲ့"

"အဇ္ဇ...အဇ္ဇ...ကျေးကျွန်တဲ့လား?ကိုယ်တော်ကခုထိမင်းတို့ကိုအဲ့လိုမသတ်မှတ်ဖူးဘူး...ကိုယ်တော့်ရဲ့ညီနောင်တွေလိုမျိုးပဲသတ်မှတ်ခဲ့တာ...အဇ္ဇ ကိုယ်တော့်စကားကိုဆုံးအောင်နားထောင်ပါအုန်း မင်းပြောတဲ့နိမိတ်ဆိုတာမှန်ပါတယ် နိမိတ်ကတကယ်ဖြစ်တော့မယ် အဇ္ဇ"

နန်းတော်ရှေ့က လမင်းခေါ်သံWhere stories live. Discover now