ဓားတစ်ဖက်ကိုဆုပ်ကိုင်ထားတဲ့ ရာဇာ့လက်များက လျော့ရဲလာသည်။ မခိုင်ချင်တော့တဲ့ ဒူးတစ်ဖက်က ထောက်ချမိသွားသည်။
သူနှလုံးသားထဲမှာဘာမှမရှိတော့တဲ့ ခံစားချက်ကြီး။ဝမ်းနည်းသွားတာလဲမဟုတ်သလို ငိုချင်နေတာလဲမဟုတ်။ဘာဆိုဘာမှမရှိတော့ဘဲ ငြိမ်သက်သွားတဲ့ခံစားချက်ကြီး။ ခနတာ ခေါင်းကိုငုံ့ပြီး ငြိမ်သက်သွားသည်။ သူတွေးမိသည်။ပကာသူ့ကိုထားခဲ့ပြီလား။ရာဇာ ပကာ့ကိုကာကွယ်လိုက်ရလား။
ပကာ့တွက် သူရဲကောင်းဖြစ်လိုက်ရလား။ ပကာဘယ်ရောက်သွားတာလဲ။ပူပူနွေးနွေးကျလာတဲ့ မျက်ရည်ကိုမသုတ်နိုင်ဘဲ စဥ်းစားနေသည်မှာ ရာဇာ့ဆီ မဟ္ဟာအကြည့်ရောက်လာသည်။ မဟ္ဟာ ရာဇာ့ကိုစူးစိုက်ပြီးတစ်ချက်မေးလိုက်သည်။
"မင်းဘာလာလုပ်တာလဲ"
ရာဇာမျက်ခုံးတို့တွန့်ချိုးလာ၍ လက်မှကိုင်ထားသည့်ဓားကို ဆွဲကိုင်ကာ မဟ္ဟာဆီသို့ လှေကားထစ်မှတက်လာသည့်နှင့် လုံခြုံရေးမင်းမှုထမ်းတို့က ရာဇာ့ကို ချုပ်နှောငိထားသည်။ ခနနေတော့ ရာဇာ မဟ္ဟာကို စူးရဲစွာကြည့်လာပြီး အာခေါင်မှအသံသြသြတို့ကိုခြစ်၍
"ပကာဘယ်မှာလဲ!"
မဟ္ဟာ ဒေါသနှင့်ဝမ်းနည်းမှူတို့ကိုချုပ်ထိန်းကာ
"မင်းမမြင်လိုက်ဘူးလား"
"........."
ရာဇာမျက်ဝန်းထဲဒေါသတို့ပြည့်နှ့ံနေကာ မဟ္ဟာကိုသတ်တော့မယ့်အတိုင်းပဲ။
"ပျောက်သွားပြီ မင်းကဘာလာလုပ်တာလဲ"
မဟ္ဟာထိုမေးခွန်းကိုနောက်တစ်ခါမေးမိသည်။
ထိုအချိန် ရာဇာပါးစပ်က တစ်လုံးချင်းကိုမကျေနပ်စွာပြောလာသည်။"ငါ..သူ့..ကို..လာ..ခေါ်..တာ.."
တစ်သက်လုံး ဘုရင်ကိုဘုရားလိုထားကိုးကွယ်လာတဲ့ ရာဇာက ခုတော့ကိုယ့်သခင်ကို "မင်း နဲ့ ငါ"ပြောနေသည်မှာ နားကြားလို့တောင်မကောင်းလေပါ။
"သူကအပြစ်သားလေ သူ့ကိုစီရင်မှာကိုမင်းကငါ့ကိုကျော်ပြီးခေါ်သွားနိုင်မယ်ထင်လား"

YOU ARE READING
နန်းတော်ရှေ့က လမင်းခေါ်သံ
Aléatoireဒီstoryလေးက မြန်မာရှေးဆန်ဆန်ရေးထားတာပါ။စိတ်ကူးယဥ်ဆန်ဆန်ရေးထားတာဖြစ်လို့ လက်တွေ့မှာမဖြစ်နိုင်တာတွေပါပါတယ်။ကြိုပြောထားပါတယ်ရှင့်။ဒီဝတ္ထုကိုနှလုံးသားနဲ့ရေးတာမလို့ မြတ်နိုးတန်ဖိုးထားပေးကြပါရှင့်။ပထမဆုံးရေးထားတဲ့ဝတ္ထုလေးမလို့လဲ အမှားပါရင်ခွင့်လွှတ်ပေးကြပ...