Royal Omega Become My Mate
__________________________________မျက်စိရှေ့တည့်တည့်မှာ ရှိနေတဲ့ အနက်ရောင်ဝတ်ရုံကို Min သေချာလေးစူးစမ်းနေမိတာ အချိန်တစ်ခုရှိနေပြီ။ ထိုဝတ်ရုံနက်မှာ ကပ်ညိနေတဲ့ အနံ့ကိုလဲ Min စိတ်ဝင်စားတယ်။ ပြီးတော့ အဲ့ဒီ့အနံ့အသက်မျိုးကို Min ဘဝမှာတစ်ခါမှ မရှူရှိုက်ဖူးတာပင်ဖြစ်၏။ ဒါသူ့ရဲ့ Pheromones နံ့ဖြစ်မယ်ထင်တယ်။
ထိုလူက Min အမြင်မှာ ထူးဆန်းတယ်။ မျက်လုံးဝိုင်းတွေက ယုန်သူငယ်လေးလို ချစ်ဖို့ကောင်းမယ်လို့ထင်ရပေမယ့် အနည်းငယ်စူးရှကာ စိတ်ဝင်စားဖို့ကောင်းတယ်။ နှုတ်ခမ်းပါးလေးတွေကလဲ Min လိုမျိုး ခပ်ထူထူမဟုတ်ပဲ ကြည့်လို့ကောင်းနေပြန်ရော။ ပြီးတော့ ထိုနှုတ်ခမ်းပါးတွေနဲ့ လိုက်ဖက်စွာတည်ရှိနေတဲ့ နှုတ်ခမ်းအောက်က မှဲ့နက်ကလေး။ အဲ့မှဲ့နက်ကလေးကိုလေ Min ထိကြည့်ချင်နေတာ။
အထိန်းတော် Jin ပြောတာကတော့ သူက လူကောင်းမဖြစ်နိုင်ဘူးတဲ့။ ဘာကြောင့်ဆို အထိန်းတော်Jin ကို တမင်သပ်သပ် heat ဝင်အောင်လုပ်ခဲ့သည်တဲ့လေ။ ထိုကာလက အထိန်းတော် Jin ရဲ့ heat ကာလမဟုတ်ပဲ လူတွေကြားထဲတိုးဝှေ့ရင်း ဆေးမိတာတဲ့လေ။ Heat ဝင်နေတာနဲ့ အချိန်ကိုက် ကယ်ထုတ်လာတဲ့သူဟာ ဘယ်လိုမှလူကောင်းမဖြစ် နိုင်ဘူးဟု အထိန်းတော်ကြီးက ပြောသည်။
အခုလိုအခက်အခဲကြားက ကယ်ထုတ်ပေးထားတာတောင် အထိန်းတော် Jin က သံသယများနေသေးသည်။ Min ထိုလူ့ကိုမြင်ကတည်းက သိပြီးသား..သူကလူကောင်းတစ်ယောက်ဆိုတာကိုပေါ့။ ကိုယ့်ကိုကယ်ပေးလိုက်တဲ့သူရဲ့ နာမည်လေးကိုတောင် မမေးခဲ့ရဘူး။ တကယ်သာ ထိုလူက လူကောင်းမဟုတ်ရင် အထိန်းတော်ကြီး heat ကာလမှာ အခွင့်ကောင်းယူသွားမှာပေါ့။
ရွှတ်!
" တကယ်မွှေးတဲ့အနံ့လေး..Min သဘောကျလိုက်တာ.."
အိပ်ယာပေါ်က ဝတ်ရုံနက်ကိုယူကာ ထပ်မွှေးကြည့်လိုက်မိတယ်။ အထိန်းတော် Jin ကတော့ ထိုဝတ်ရုံကို လွှင့်ပြစ်လိုက်ဖို့ပြောပေမယ့် Min က အထိန်းတော်ကြီးမသိအောင် ဝှက်ထားတာဖြစ်၏။
" Min... ကျွန်တော်မျိုးပါ.. အထဲဝင်လာလို့ရလား "
အပြင်က အထိန်းတော်Jin ရဲ့ခွင့်တောင်းသံကြောင့်..
YOU ARE READING
Royal Omega Become My Mate [Completed]
Hayran Kurgu" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."