မြက်ခင်းနုနု၊ စိမ်းစိမ်းလေးတွေပေါ် ထိုင်နေရင်း အရှေ့မှာရှိနေတဲ့ စမ်းချောင်းလေးကိုကြည့်ကာ ခဲနဲ့ထုလိုက်၊ ပေါက်လိုက်ဖြင့် ကစားနေလိုက်တယ်။
အခုရောက်နေတဲ့နေရာက သီးသန့်ရှိနေတဲ့ နေရာလေးတစ်ခု။ ပုံမှန်ကြည့်ရင်တော့ သစ်ပင်ကြီးတွေ၊ ခြုံထူထူတွေသာရှိမယ်လို့ထင်ရပေမယ့် အတွင်းထဲဝင်ရောက်လာခဲ့တော့ မြက်ခင်းပြင်ပေါ် လွတ်လပ်စွာ ထိုင်ချပြီး တဝေါဝေါစီးဆင်းနေတဲ့ ရေပြင်ကို ကြည့်ရှုခွင့်ရှိသည်။
Min ထိုနေရာမှာ ထိုင်နေရင်း Jeon ရှိရာဘက်ကိုအကြည့်ပို့လိုက်မိတယ်။
ကြည့်ကောင်းလွန်းတဲ့ မျက်နှာတစ်ခုပင်။ Min မြင်ဖူးသမျှ သူစိမ်းယောင်္ကျားတွေထဲ Jeon က ကြည့်အကောင်းဆုံးနဲ့ အချောဆုံးပင်ဖြစ်သည်။ Min ကို ရင်ခုန်အောင်လုပ်တဲ့ ပထမဦးဆုံးသော Alpha တစ်ယောက်။
အမြဲလိုလို အနက်ရောင်ဝတ်စုံနဲ့ပဲ မြင်တွေ့နေရပြီး ထိုအနက်ရောင်ဝတ်စုံနဲ့ တော်တော်လေးကို လိုက်ဖက်သည်။ Jeon နဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ အချိန်တိုင်း ရှူရှိုက်နေမိတဲ့ စွဲမက်ဖွယ်အနံ့အသက်လေးကစ Min သဘောကျတာ။ Jeon ရဲ့ Pheromones နံ့ကလေ ဒီနေ့မှပို စူးရှကာ၊ စွဲမက်ဖွယ်ကောင်းနေသည်။
ရုတ်တရက် Min ဘက်ကို ခေါင်းလှည့်လာသည်မို့ တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရေရှိရာဘက်ကို အကြည့်ပို့လိုက်မိတယ်။ သို့သော် Min စိတ်တွေကတော့ ဘေးမှာထိုင်နေတဲ့ Jeon ဆီမှာသာ။
Min ကို တစ်ချက်မှ အကြည့်မလွှဲပဲ စူးစိုက်ကြည့်နေတာကြောင့်အနေရခက်လာတော့သည်။ သူ့ဘက်ကို မသိမသာလှည့်ကြည့်လိုက်တော့လဲ ဂရုမစိုက်စွာ ဆက်ကြည့်နေဆဲ...
" Jeon...မျက်နှာမှာ တစ်ခုခု ရှိလို့လား.."
" ... "
" ဘာလို့ အဲ့လိုကြီး စိုက်ကြည့်နေတာလဲ..Min မနေတတ်ဘူး.."
" အရမ်းလှလို့လေ..မင်းက အကြည့်လွှဲလို့မရအောင် အရမ်းလှလွန်းလို့.."
" ဟင်..! အဲ့..အဲ့လိုမဟုတ်ပါဘူး "
" ဟုတ်ပါတယ်..မင်းက ကိုယ်မြင်ဖူးသမျှ omega တွေထဲမှာ အလှဆုံးပဲ.."
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."