Royal Omega Become My Mate
_________________________________" အိပ်တော့လေ.."
" အိပ်မပျော်လို့ပါ "
" အတွေးများနေတာမကောင်းဘူး Min.. ဗိုက်ထဲက ကလေးကိုထိခိုက်လိမ့်မယ် "
" ..... "
" လာ.. ကိုယ့်ရင်ခွင်ထဲကို "
ရင်ခွင်ထဲတိုးဝင်လာသည့်ကိုယ်လုံးလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။ Min အတွေးများနေတဲ့အကြောင်းအရင်းကိုသိတယ်။ သူစိတ်ပူနေတာ.. ရင်မ်နဲ့ရိုဘီကို..ကိုယ့်ကိုအန္တာရာယ်ပြုထားတဲ့ သူတွေကိုတောင် ကျုပ်အိုမီဂါ စိတ်ပူပေးနိုင်သေးတာ။
" Jeon... "
" အင်း..."
" Min တို့လဲ ဗိုက်ထဲက ကလေးလေးကိုသိပ်ချစ်တာလေ.."
" ကျစ်! တော်ပြီ Min... အပြစ်သားတွေက သေချာပေါက်အပြစ်တော့ခံယူရမယ်လေ..သူလဲ ကိုယ်တို့ကလေးကိုထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့သေးတာပဲ..ဒါတွေကို Min ကမေ့ပြစ်လိုက်တာလား "
" Min.. သိပါတယ်..အခုက.."
" အိပ်တော့မယ်..သူတို့လွတ်ရင်လဲ လွတ်သွားမှာပါ..မင်းရဲ့အစ်ကိုတော်ကလဲ အကြင်နာတရားကင်းမဲ့တဲ့သူမဟုတ်ပါဘူး..ဒါပေမယ့် Min.. ကိုယ်တို့တွေဆီမှာ အပြစ်မခံယူရရင်တောင် ကံကြမ္မာကပေးတဲ့အပြစ်ကိုတော့ သူတို့သေချာပေါက်ခံယူရဦးမှာ.."
" .... "
" အခုတော့ ဘာမှမတွေးပဲ အိပ်လိုက်တာအကောင်းဆုံးပဲ Min "
Jeon ကပြောပြီး နဖူးကိုအကြာကြီးဖိကပ်နမ်း၏။ ပြီးနောက်..
" ကိုယ်တို့နှစ်ယောက်ကိုတောင် ခွဲဖို့သူတို့ကြိုးစားခဲ့သေးတာ..ကိုယ်တော့လုံးဝခွင့်မလွှတ်နိုင်ဘူး "
" Min.. ကိုဖက်ထား "
ကိုယ့်အိုမီဂါရဲ့အလိုကျ ခါးသွယ်သွယ်ကိုဖက်တွယ်ထားလိုက်တော့ ဘာစကားမှဆက်မပြောတော့ပဲ ရင်ခွင်ထဲဇွတ်တိုးဝင်တော့သည်။ Min လဲသိပ်ကြောက်ခဲ့တယ်မလား..ကိုယ်တို့ဝေးရမှာကိုလေ။ Min လဲသိပ်ကြောက်ခဲ့သလို ကိုယ်လဲသေမတတ်ကြောက်ခဲ့တာ။
" ကိုယ် မင်းကိုချစ်တယ်.. ကိုယ့်အသက်ထက်ပိုချစ်တာMin "
ရင်ခွင်ထဲကသူက စကားပြန်မလာပေမယ့် ရင်ဘတ်မှာစိုစွတ်လာမှုက Min ငိုနေပြီဆိုတာ ပြောပြနေသည်။
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."