Royal Omega Become My Mate
__________________________________" Min... အစ်မတော်ရဲ့ပန်းချီဆွဲနေတာကိုပဲ အာရုံစိုက်ပြီး အစ်မတော်ကိုမေ့နေပြီလား.."
ပန်းချီဆွဲခန်းထဲမှာ အစ်မတော်ဆိုဖီယာနဲ့အတူ အချိန်ကုန်နေတာ ဒီနေ့တစ်မနက်လုံပင်။ အစ်မတော်ကလဲ သူ့စိတ်ကူးကိုပုံဖော်နေကာ Min ကလဲ စိတ်နှစ်ကာ ပန်းချီဆွဲနေမိတယ်။ Min ကတခြားနေရာမှာသာ အပျင်းကြီးတာ အခုလိုပန်းချီဆွဲရတဲ့အချိန်တွေဆိုရင်တော့ စိတ်အေးအေးချမ်းချမ်းနဲ့ သဘောကျမိတယ်။
ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်နေရတဲ့အချိန်ကိုတော့ လူတိုင်းသဘောကျတတ်ကြတာပါပဲ။
Min အခုဆွဲနေတဲ့ ပန်းချီကားလေးက လူတစ်ယောက်ရဲ့ပုံ။ Min သိပ်ချစ်ရလူတစ်ယောက်ပေါ့။ နှုတ်ခမ်းပါးလေးတွေပါတယ်။ မှဲ့နက်ကလေးနဲ့ Jeon.. လေ ။
အစ်မတော်နဲ့ Min ကမျက်နှာချင်းဆိူင်အနေအထားနဲ့ဖြစ်ပေမယ့် ကြားထဲမှာထောင်ထားတဲ့ ပန်းချီကားချပ်တွေကြောင့် မြင်တော့မမ င်ရပါ။ ထို့ကြောင့် Min ဆွဲထားတဲ့ Jeon ရဲ့ပုံလေးကိုလဲ အစ်မတော်မမြင်ရပေ။
" Min.. ဆွဲနေတာလေး လက်စသတ်ပြီးရင် အစ်မတော်ချည်ထိုးနေတာကို လာကြည့်မယ်နော် "
" ဟုတ်ပါပြီ Min.. "
" စားစရာတွေရပါပြီ.."
" အော်..ရင်(မ်) ဆိုဖီယာမှာထားတာတွေပါရဲ့လား.."
" သေချာပြင်ဆင်ခဲ့ပါတယ် မင်းသမီးဆိုဖီယာ.."
" အစ်မတော် သူကဘယ်သူလဲ "
" အော်..မကြာခင်ကမှ နန်းတွင်ကိုအခစားဝင်ရတဲ့ အစေခံအသစ်လေ ရင်(မ်) တဲ့.."
" အော်..ရင်(မ်..) '
" တွေ့ရတာဝမ်းသာပါတယ် မင်းသားJimin "
Min တစ်ချက်ပြုံးပြလိုက်ပြီး ပန်းချီကိုသာဆက်ဆွဲနေလိုက်၏။ အစ်မတော်ရဲ့ အစေခံဆိုသည့် ရင်(မ်) ကရေနွေးခွက်တစ်ချို့ကိုယူဆောင်ရင်း Min ပန်းချီဆွဲနေတဲ့ဘက်ခြမ်းကိုလာကာ စားစရာတစ်ချို့ကိုလာချပေးသည်။
" ကျေးဇူးပါ ရင်(မ်) "
Min ဘေးမှာရပ်နေတဲ့ ရင်(မ်)ကိုမော့ကြည့်ပြီး ကျေးဇူးတင်စကားပြောလိုက်ပေမယ့် ရင်(မ့်) ရဲ့အာရုံနဲ့အကြည့်တွေကတော့ Min ဆွဲထားတဲ့ပန်းချီကားဆီမှာသာ... ရင်မ်က Jeon ကိုသိနေလို့များလား..
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."