Royal Omega Become My Mate
_________________________________
" Minတို့အတွက်စာပါတယ် "
အထိန်းတော်ကြီးရဲ့စကားကြောင့် အိပ်ပျော်နေတဲ့သားကိုခဏထားခဲ့ကာ မွေ့ယာပေါ်ကဆင်းပြီး ခပ်သွက်သွက်လေး သွားယူလိုက်တယ်။
" Jeon ဆီကလား.."
" ဟုတ်တယ် Min "
ရွှေအိုရောင်စာအိပ်ကလေးကိုယူခဲ့ကာ မွေ့ယာပေါ်တတ်ခဲ့လိုက်ပြီး သားရဲ့ဘေးလှဲအိပ်လိုက်ကာ စာအိပ်ကိုဖွင့်လိုက်တော့ အဖြူရောင်စာရွက်ကလေးထွက်လာတယ်။ JEonကိုဘယ်လောက်ထိလွမ်းနေသလဲဆို ထိုစာရွက်ကလေးကိုမြင်ကတည်းက မျက်ရည်ကဝဲလာပြီးသား။
စဖတ်လိုက်တော့ ခပ်သော့သော့ရေးထားတဲ့ Jeonရဲ့ လက်ရေးလေးကချစ်စဖွယ်ပင်..
* ကိုယ့်ရဲ့Min... *
ပထမဆုံးစာကြောင်းလေးကိုဖတ်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။ Jeon ကသိပ်ချစ်ဖို့ကောင်းတာစွာ အစချီထား၏။
* ကိုယ့်ကိုသတိရနေရဲ့လား..*
ဘယ်လိုများမေးလိုက်တာလဲ ခင်ဗျားရယ်..သတိရလွန်းလို့ Min ရူးမတတ်ပါပဲ။
* ကိုယ်ကတော့ မင်းနဲ့သားတော်ကိုသတိရလွန်းလို့ ရူးတော့မယ်ထင်တယ်။ *
စာကိုဆက်ဖတ်ရင်း သားတော်ကိုကြည့်လိုက်မိတယ်။
" သားလေး..မင်းရဲ့ခမည်းတော်ကသားကို သတိရနေတယ်တဲ့ကွယ်..."
သားကိုလှည့်ကာစကားပြောပြီးနောက် စာကိုဆက်ဖတ်လိုက်တယ်။
* ကိုယ်သွားတာ တစ်လတောင်ရှိနေပြီဆိုတော့ သားကကိုယ့်ကိုမေ့သွားလောက်ရောပေါ့ *
မမေ့ပါဘူး။ သားတော်ကမနက်လင်းတိုင်း သူ့ခမည်းတော်ကိုအရင်ကတိုင်း ပထမဆုံးရှာနေတာ။
* မင်းကတော့မမေ့သေးဘူးမလား။ အိမ်ရှေ့စံကင်မ် လာတယ်ကြားတယ်... သားတော်ကိုနှုတ်ဆက်သွားသေးလား။ *
ကင်မ်အိမ်ရှေစံလာတာကအစ သိနေပြန်သည်။ ဟိုက သားအတွက်လက်ဆောင်လာပေးသွားတာကို။
* ကိုယ်ပို့ပေးတဲ့လက်ဆောင်နဲ့ သူပေးခဲ့တဲ့လက်ဆောင် သားကဘယ်ဟာကိုပိုသဘောကျတာလဲ..*
YOU ARE READING
Royal Omega Become My Mate [Completed]
أدب الهواة" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."