Royal Omega Become My Mate
__________________________________
" အစ်ကိုတော့်ရဲ့Min ပင်ပန်းနေပြီလား.."နန်းတော်ထဲကနေ Min နဲ့ချစ်ရသူကို ခေါ်ထုတ်လာခဲ့ပြီး တောလမ်းတစ်လျှာက် ဝံပုလွေနက်ကိုစီးနင်းကာ အပြေးနှင်လာရတာ နေ့တစ်ဝက်ပင်ရှိခဲ့ပြီ။ Min လဲ ပင်ပန်းနေရောပေါ့။
ချစ်ရသူကတော့ တပ်သားတစ်ယောက်နဲ့အတူဖြစ်သည်။ နှစ်ယောက်လုံး ပင်ပန်းနေတော့မှာကို သိပေမယ့် နားလိုက်လို့မဖြစ်ချေသေး။ တော်ဝင်တိုင်းပြည်ကို သူတို့ကပိုင်စိုးလိုက်ပြီဖြစ်တော့ တော်ဝင်တိုင်းပြည်တောအုပ်ထဲကိုလဲ သူ့တို့တပ်တွေဖြန့်ကျက်လိုက်နိုင်သည်။ ထို့ကြောင့် နမ်ဂျွန်းတို့စခန်းချထားတဲ့ လုံခြုံစိတ်ချရတဲ့နေရာကို ရောက်မှသာစိတ်ချရနိုင်မည်လေ။ ထို့ကြောင့် နားလိုက်လို့တော့မဖြစ်။
" Min အဆင်ပြေပါတယ်..အစ်ကိုတော် "
" အစ်ကိုတော်တို့ စခန်းချထားတဲ့ နေရာကိုရောက်ဖို့ သိပ်မလိုတော့ပါဘူး.."
နန်းတွင်းအင်အားလျော့နေချိန် အခွင့်ကောင်းယူဝင်ရောက်လာတဲ့ရန်သူတွေကြောင့် အခုလက်ရှိ တောအုပ်စခန်းထဲမှာ အင်အားတောင့်သည်လို့တော့ပြောလို့ရသည်။ စခန်းတည်ရှိရာနေရာက တော်ဝင်တိုင်းပြည်နယ်စပ်ဘက်ကို ကျော်လွန်၍ ကင်မ်တိုင်းပြည်ဘက်မှာဖြစ်သည်။ မဟာမိတ်ဖြစ်တဲ့ ကင်မ်တိုင်းပြည်ကနေ အကူအညီယူနေရကာ အိမ်ရှေ့စံကင်မ်ကလဲ လိုအပ်တာမှန်သမျှကူညီသည်။ အခု Min ကိုကယ်ထုတ်ဖို့သွားတာတောင် သူပါလိုက်ခဲ့ပါရစေလို့ တောင်းဆို၏။ သို့ပေမယ့် ကံအကြောင်းမလှစွာ တစ်ခုခုထိခိုက်မိသွားရင် ကင်မ်တိုင်းပြည်ကမင်းကြီးကို အားနာလှပါသည်။ ထို့ကြောင့် နမ်ဂျွန်းကလက်မခံခဲ့တာဖြစ်သည်။
အိမ်ရှေ့စံကင်မ်ကသာ Min နဲ့အလိုက်ဖက်ဆုံးဆိုတာကို နားလည်အောင်ရှင်းပြရဦးမည်။
ခမည်းတော်ကိုဆုံးရှုံးလိုက်ရပြီဆိုတာကို ထပ်ခါတလဲလဲ တွေးရင်း ပူဆွေးနေဖို့ နမ်ဂျွန်းမှာအချိန်မရှိ။ အခုချိန်မှာ တော်ဝင်တိုင်းပြည်က အိမ်ရှေ့စံအနေနဲ့ သန်မာနေမှဖြစ်မည်။ ခမည်းတော်နေရာကို ပြန်ရနိုင်ဖို့၊ ခမည်းတော်အတွက် အသက်ကြွေးပြန်ယူဖို့ နမ်ဂျွန်းက သန်မာနေမှဖြစ်မည်။
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."