Royal Omega Become My Mate
___________________________________" အထိန်းတော်Jin Minကို စကားပြောပါဦး..Min မှားသွားပါတယ် "
" အခုလိုမှားသွားပါတယ်ဆိုတော့ရော..ဖြစ်ပြီးသားကိစ္စတွေက ပြန်ပြင်လို့ရသလား Min "
" ပြန်ပြင်လို့တော့ မရပေမယ့်.."
" သူကဘယ်ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာကို သေချာမသိပဲနဲ့ Min သူနဲ့အတူ Heat ကာလကိုဖြတ်သန်းလိုက်စရာလား "
" Jeon က..စကားနည်းပေမယ့် ရိုးသားပြီး Min ကိုတကယ်ချစ်တာပါ။ ပြီးတော့ သေချာပေါက် Min ကိုအပိုင်ကြံချင်လို့ လုပ်တာမဟုတ်ပါဘူး အထိန်းတော်ကြီးရယ်.."
" သေချာပြောနိုင်လို့လား Min... ဒီကိစ္စကို အိမ်ရှေ့စံနဲ့ Min ရဲ့ခမည်းတော်သာသိသွားရင် ဘယ်လိုရင်ဆိုင်မှာလဲ..ပြီးတော့ တော်ဝင်အိုမီဂါတစ်ယောက်အနေနဲ့ အခုလို... "
" အထိန်းတော်ကြီး...! ဒီကိစ္စကို အစ်ကိုတော်နဲ့ ခမည်းတော်သိသွားလို့မရဘူးနော်..မပြောလိုက်ပါနဲ့။ "
" အခုတော့ကြောက်ပြီမလား.."
" အထိန်းတော်ကြီးနော်..ဘာလို့ Min ကိုပဲဆူနေတာလဲ..တကယ်စိတ်တိုလာပြီ "
" မဆူလို့မရဘူးလေ..Min ကဘယ်လောက်တောင်ဆိုးလိုက်လဲ ..Min ကိုလေ ကျွန်တော်မျိုးက ဘာမှမသိသေးတဲ့ကလေးလေးလို့ မြင်နေတာ "
" Min အရွယ်ရောက်နေပြီ..Min ချစ်တဲ့သူကို မလွန်ဆန်နိုင်တာ Min အပြစ်လား.. ပြီးတော့ အဲ့ဒီ Heat ကာလက ဘယ်လောက်တောင်ဆိုးဝါးလိုက်လဲ.. ဒါကို Jeon ကကူညီပေးခဲ့တာ! "
" ကျွန်တော်မျိုးကိုပြန်မပြောနဲ့ Min!! "
" ပြောမှာ!! "
" Min.. ! "
" အထိန်းတော်ကြီးကို ရာထူးကဖြုတ်မယ်! "
" အခုလိုကလေးဆန်ပုံမျိုးနဲ့..ဘယ် Alpha ကများ..."
" အထိန်းတော်ကြီးနော်..Min ကိုအဲ့လိုမပြောနဲ့..Omega တစ်ယောက်က သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ၊ ကြွေချိန်တန်ကြွေရမှာပဲ.."
" အောဟော..ဒီစကားတွေက ဘယ်သူသင်ပေးလိုက်တာလဲ ပြောပါဦး "
" အထိန်းတော်ကြီး အစ်ကိုတော်Joon နဲ့ချစ်သူတွေဖြစ်တော့ Min ကအထိန်းတော်ကြီးကိုဆူလို့ အထိန်းတော်ကြီးပြောခဲ့တဲ့စကားတွေလေ..! "
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfic" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."