Royal Omega Become My Mate
___________________________________" အထိန်းတော် Jin.. ဒီလလေ Min heat မဝင်ဘူး "
" ဘယ်လို..ကိုယ်ခံအား အားနည်းနေလို့များလား "
" အဲ့ဒါတော့မသိဘူး..ဒီလတော့တကယ် Heat မဝင်သေးတာ.."
" အစားအသောက်တွေမကောင်းလို့များလား..ပင်ပင်ပန်းပန်းတွေလေ့ကျင့်နေရတော့ Min အားနည်းနေလို့များလား.."
" Min လဲမသိဘူး။ Heat မဝင်ရင် Min အသားတွေမွဲခြောက်သွားမှာလား ဟင်! Min ရုပ်ဆိုးတော့မှာ အဟင့်.."
ကလေးလေးလို လုပ်နေတဲ့Min ကအထိန်းတော်ကြီးကိုကပ်ချွဲနေပြန်ပြီ။
" ကဲပါ..နည်းနည်းလောက်ပဲထပ်သည်းခံလိုက်ပါဦး..နန်းတွင်းကိုပြန်ရောက်တာနဲ့ Min ရဲ့အသားအရေကိုပြန်မွန်းမံကြတာပေါ့ "
" ဟုတ်..အခုတော့ ရုပ်မဆိုးသေးမလားဟင်.."
" ဒီ Min တော့..တစ်လလေး Heat မဝင်ရုံလေးနဲ့ အဲ့လောက်ထိမဖြစ်သေးပါဘူး Min ရဲ့.."
" ဟူး..တော်သေးတာပေါ့.."
သက်ပြင်းလေးချကာပြောနေသည့် Min ကတကယ်ကိုရုပ်ဆိုးမှာကြောက်နေရှာတာ..ဒီအိုမီဂါလေး ဘယ်သူမှလိုက်မမှီအောင်သိပ်လှတာ သိမှမသိပဲ။
" ကဲပါ..ညနက်နေပြီ နားတော့နော်..Min "
" ဟုတ်..အထိန်းတော်ကြီး.. "
အထိန်းတော်ကြီးထွက်သွားပြီးနောက် Min ခါးစည်းကြိုးကိုအမြန်ဖြည်ချလိုက်ပြီး အပေါ်ဝတ်ကိုပုခုံးလျှောချလိုက်တယ်။ ပြီးနောက်သေချာငုံ့ကာကြည့်လိုက်ပြီး..
" ဟင်း! အသားတွေတကယ်မဲသွားတာကို.."
ကျွီ..!
" အထိန်းတော်ကြီး Min တကယ်အသားမဲသွား..ဟင်..ခင်ဗျားးး!! "
နောက်လှည့်ကြည့်လိုက်တော့ ဝင်လာသူကအထိန်းတော်ကြီးမဟုတ်..Min မတွေ့ချင်တဲ့သူ။ ထို့ကြောင့် ပုခုံးလျှောထားတဲ့အပေါ်ဝတ်ကိုပြန်တင်လိုက်သည်။ ချက်ချင်းပင်ပြန်လျှောကျသွားတော့ ဝင်းမွတ်နေတဲ့ပုခုံးသားတွေက ကျားရဲရဲ့အကြည့်စူးစူးတွေအောက်မှာ..။
" ခင်ဗျား..ဘာလို့Min အဆောင်ထဲလာတာလဲ..အခုထွက်သွား!! "
" ကိုယ် Rut ဝင်နေပြီ.."
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfic" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."