Royal Omega Become My Mate
_________________________________နန်းတွင်းညစာစားပွဲ..တော်ဝင်မိသားစုအတွက် သီးသန့်ကျင်းပတဲ့ ညစာစားပွဲ။ တစ်လမှာ တစ်ကြိမ်ခန့်သာ ပြုလုပ်တဲ့ညစာစားပွဲဖြစ်ပြီး မိသားစုအရေးတွေကိုလဲ ဆွေးနွေးတိုင်ပင်သည့်အချိန်ပင်ဖြစ်သည်။
ကြီးကျယ်ခန်းနားတဲ့ စားတော်ခန်းကြီးထဲ ရွှေရောင်တွေဖြင့်စီခြယ်ထားတဲ့ တင့်တယ်လွန်းတဲ့ စားပွဲတော်အရှည်ကြီးထက် ဟင်းပွဲတွေကလဲ စုံလင်လှသည်။ ထိုစားပွဲရှည်ကြီးရဲ့ ထိပ်ဆုံးမှာတော့ ခမည်းတော်ကထိုင်ကာ အစ်ကိုတော်Joon နဲ့ မိထွေးတော်တို့ကတော့ မျက်နှာချင်းဆိုင်အနေအထားနဲ့ဖြစ်ကာ Min နဲ့ အစ်မတော်ဆိုဖီယာကလဲ မျက်နှာချင်းဆိုင်အနေအထားနဲ့ဖြစ်၏။
ကျန်တဲ့ထိုင်ခုံတွေမှာတော့ ဆွေမျိုးတွေဖြစ်တဲ့ ဦးရီးတော်အချို့ပါဝင်သေး၏။
" အိမ်ရှေ့စံ တောထဲကလေ့ကျင့်ရေးတွေအကြောင်း ခမည်းတော်ကိုပြောပြပါဦး.."
" လေ့ကျင့်ရေးကတော့ အားလုံးကောင်းကောင်းမွန်မွန်ရှိပါတယ် ခမည်းတော်.. တပ်သားတွေလဲ အတော်လေးတိုးတတ်လာပါပြီ.."
" အင်း..တော်ထဲကလျှို့ဝှက်စခန်းကတော့ အိမ်ရှေ့စံကျေးဇူးနဲ့ တော်တော်လေးအင်အားတောင့်နေလောက်ပြီပေါ့.."
" ဟုတ်ပါတယ် ခမည်းတော်..တပ်သားအင်းအားတွေလဲ ထပ် ဖြည့်ထားတော့ အင်အားများနေခဲ့ပါပြီ..တောတွင်းများပဲ လေ့ကျင့်ရေးဆင်းနေရတော့ နန်းတွင်းထဲ ပေါ့လျော့နေမိမှာ စိုးရိမ်နေတာပါ "
" အိမ်ရှေ့စံ ဒီကိစ္စကို စိုးရိမ်စရာမလိုပါဘူး..မယ်တော့်တူဝမ်းကွဲ ဂျောင်ဒိုဟွန်းကို တာဝန်ပေးထားပြီးသားမလို့ပါ.."
မိထွေးတော်မှ ဝင်ပြောလာခြင်း..
" ဂျောင်ဒိုဟွန်း..ဘယ်သူများလဲ ခမည်းတော် နန်းတွင်းစစ်ရေးကြီးကြပ်မှုကို အပ်နှံထားရလောက်အောင် ယုံကြည့်ရလို့လား.."
" ရက်သတ္တပတ်အတွင်း အရည်အချင်းရှိတာ မြင်ရတော့ ခမည်းတော်လက်လွှဲပေးထားတာပါ..ဒိုမိဖုရားရဲ့ ဝမ်းကွဲတူလဲဖြစ်နေတော့ ခမည်းတော် အပ်နှံထားလိုက်တဲ့သဘောပါ..အိမ်ရှေ့စံက သူ့အကြောင်းတွေကို သေချာလေ့လာကြည့်လို့ရပါတယ် "
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."