Royal Omegs - 26

2.7K 237 60
                                    

         Royal Omega Become My Mate
      __________________________________

တော်ဝင်နန်းတော်တစ်ခုလုံးပြာယာခတ်၊ စိုးရိမ်နေကြရပြီး အငြိမ်မနေရသည့်တပ်သားတွေနဲ့ နန်းတွင်းအလုပ်သမားတွေ။ နန်းတွင်းသာမက တစ်တိုင်းပြည်လုံးရှိနေရာတိုင်းမှာ တပ်သားတွေပြည့်နက်နေကာ အစောင့်များနဲ့ရှိနေပြီး တစ်အိမ်ဝင်တစ်အိမ်ထွက်လိုက်လံစစ်ဆေးနေရသည်။

အဆိုးဆုံးကတော့ တော်ဝင်တိုင်းပြည်ရဲ့ဘုရင်လောင်း နှင့် ခေါင်းဆောင်Jeon သာဖြစ်သည်။ အရူးတစ်ယောက်လိုဖြစ်နေသည့် အယ်လ်ဖာ Jeon..ဟာ အခုချိန်မှာ တစ်စုံတစ်ယောက်အတွက် သူ့အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် ဝန်လေးနေမှာမဟုတ်။ အကြောင်းကား သူ့အပိုင်အိုမီဂါလေး ပြောက်ဆုံးနေခြင်းကြောင့်ဖြစ်၏။

မနက်မိုးလင်းတော့ ဘေးမှာနေရာလွတ်ကစောင့်ကြိုနေပြီး သူ့၏အလင်းရောင်​ဟာပြောက်ဆုံးနေခဲ့တယ်။ နန်းတွင်တစ်ခုလုံး တစ်နေရာမကျန်ရှာဖွေခဲ့တယ် မတွေ့။ အခုလဲ တစ်တိုင်းပြည်လုံးကိုမြေလှန်ပြီးရှာဖွေနေပြီ။

" ဟားးး! သတ်ပြစ်မှာ တစ်ယောက်မကျန်သတ်ပြစ်မှာ..! "

တောက်စ်!

ဒေါကြီးမောကြီးဖြင့် Jeon က အကျဥ်းသားတွေဖမ်းချုပ်ထားတဲ့နေရာကိုဇွတ်ဝင်သွားပြီး

" ရင်မ်!! ..ပြောစမ်း! ငါ့အိုမီဂါကို ဘယ်သူဖမ်းသွားတာလဲ! နင့်ကြံရာပါပဲလား ဟမ်! မသေချင်ရင်ပြော!! "

ရင်မ်ကိုတွေ့သည်နဲ့ လည်ပင်းကိုခပ်တင်းတင်းညှစ်ကာ ဒေါသတကြီးဆိုသည်။ အခုချိန်မှာ Jeon ဟာ သူ့အပိုင်ကိုထိခိုက်စေမယ့် ဘယ်သူ့ကိုမဆို သတ်ပြစ်တော့မယ့်အနေအထား!

" Jung..kook..အစ်! ငါမဟုတ်..လွှတ်! "

ဘေးကအစောင့်တပ်သားတွေဟာလဲ မဆွဲရဲကြ။ ဒေါသကြီးနေတဲ့ အင်းအားကြီးအယ်လ်ဖာ ထုတ်လွှတ်ထားတဲ့ Pheromones က သူတို့ကိုဒူးမခိုင်အောင်အထိ နှိပ်စက်နေပြီ။ အမျိုးသမီး အိုမီဂါဆို ပိုဆိုးသည်။ ခပ်မျော့မျော့သာ ရှိတော့တဲ့ ရင်မ်ကိုတွန်းလွှတ်ပြစ်ခဲ့ပြီး ဒေါသတကြီး Jeon ကထွက်သွားပြန်ပြီ။

" Min..ဘယ်မှာလဲ!! ဟားးးးး"

ဒုန်း! ဒုန်းးး! ဒုန်း..

Royal Omega Become My Mate [Completed] Where stories live. Discover now