အေးချမ်းစွာ အိပ်စက်အနားယူနေတဲ့ညအချိန်။ Min အတွက်ဆုံးရှုံးမှုနောက်တစ်ခုက Min သိပ်ချစ်ရတဲ့..Min ရဲ့..။
" Min.. အမြန်ထပါ..ထပါဦး Min!! နန်းတော်ထဲကနေအမြန်ရှောင်ထွက်မှ ဖြစ်ပါမယ် "
အထိန်းတော်ကြီးရဲ့ အလန့်တကြားဆော်သြသံတွေက Min ရဲ့နားစည်အတွင်းရိုက်ခတ်နှိုးဆော်လာတော့ မျက်လုံးတို့ကိုဖွင့်ကြည့်လိုက်မိတယ်။ ကောင်းကောင်းအိပ်မရတာ ၁ပတ်လောက်ရှိပြီးနောက် ဒီနေ့ညတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တာ။ သို့ပေမယ့် အထိန်းတော်Jin ရဲ့အသံသာမက အပြင်ဘက်ကဆူဆူညံညံအသံတွေလဲကြားနေရသေးသည်။ အရင်က ဒီလိုညနက်ပိုင်းမှာ နန်းတော်ထဲတိတ်ဆိတ်နေတတ်တာပါ။
" အထိန်းတော်ကြီး..ဘာဖြစ်လို့လဲ.."
" ကျွန်တော်မျိုးတို့ အမြန်ရှောင်တိန်းရပါမယ် .."
" ဟင်!! ဘာဖြစ်လို့လဲ "
" Ram တိုင်းပြည်က စစ်မကြေညာပဲ ကျူးကျော်လာတယ် Min.. ပြီးတော့ အင်အားလဲ တော်တော်များတယ်..! ကျွန်တော်မျိုးတို့နန်းတွင်းထဲမှာ အင်အားနည်းနေတာကို အခွင့်ကောင်းယူပြီးဝင်လာတာ..!! "
" Min တို့က ဘယ်ကိုသွားရမှာလဲ! ခမည်းတော်ရော..ဘယ်မှာလဲ! "
Min မွေးကတည်းက တော်ဝင်တိုင်းပြည်မှာ အခုလိုတဖက်တိုင်းပြည်တွေနဲ့ စစ်ဆိုတာမဖြစ်ဖူးတော့ ကြောက်မိတာတော့အမှန်။ အခုလို အခြေအနေတွေနဲ့လဲ မရင်းနှီးတော့ပိုဆိုးသည်။
အစ်ကိုတော်Joon ကလဲ နယ်စပ်ဘက်မှာ ကျူးကျော်သူတွေကိုရှင်းထုတ်နေရကာ နန်းတွင်းအင်အားကိုပါ ယူသုံးထားသည်။ ထို့ကြောင့် နန်းတွင်းထဲ အင်းအားအတော်နည်း၏။ သေချာပေါက် Min တို့ရှုံးမှာမို့ ရှောင်တိန်းမှဖြစ်မည်။ အစ်ကိုတော်Joon က တပ်သားတွေနဲ့ပြန်လာမယ်ဆိုရင်တောင် အချိန်ကမမှီတော့ဘူးမဟုတ်လား။
" ပြည့်ရှင်က Min ကိုခေါ်ပြီး လျို့ဝှက်မြေအောက်လှိုင်ဂူထဲကနေ နန်းတွင်းထဲကထွက်ဖို့အမိန်းပေးလိုက်လို့ပါ..! "
" ခမည်းတော်ကရော..! ပြီးတော့ အစ်မတော်ဆိုဖီရာနဲ့ မိထွေးတော်တို့ကရော... "
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfic" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."