Royal Omega - 11

2.8K 223 75
                                    

          Royal Omega Become My Mate
       ___________________________________

နိုးထလာခဲ့ရတဲ့ မနက်ခင်းဟာ အရင်နေ့တွေကနဲ့မတူစွာ ဘေးဘက်မှာတစ်စုံတစ်ယောက်ကရှိနေခဲ့သည်။ အဝတ်မဲ့နေတာက Min တို့နှစ်ဦးစလုံးဖြစ်ပြီး Jeon ရဲ့ကိုယ်တစ်ခြမ်းဟာ Min အပေါ်မှာဖိချထားလျက်။

ညက Jeon အရမ်းဆိုးသည်။

Jeon ရဲ့ဆိုးသွမ်းမှုတွေ မနက်ခင်းနေရောင်ခြည်မြင်ရသည်အထိပင် ကြာရှည်ခဲ့သည်။ Min ခမည်းတော်ရဲ့ပွဲထဲကို ပြန်မသွားနိုင်ခဲ့ပါ။ သေချာပေါက် ပြောက်သွားလို့သံသယများနေတော့မှာပင်။

" Je.. on အဟွတ်..! "

Min အသံခပ်အက်အက်လေးသာ ထွက်လာ၏။ Min အော်ညဥ်းရလွန်းလို့ အသံတွေပါဝင်သွားတာထင်တယ်။ ပိကျနေတဲ့ ခန္တာကိုယ်ကြီးကို အနည်းငယ်တွန်းကာ ထထိုင်လိုက်တယ်။

" အာ့! "

အောက်ပိုင်းတင်မက တစ်ကိုယ်လုံးကိုက်ခဲနာကျင်မှု။ ပြီးတော့ ကိုက်ဖော်ခံထားရတဲ့ Min ရဲ့ Gland နေရာကပြောမပြတတ်အောင်နာကျင်လွန်းသည်။

" Jeon.. ထပါဦး.."

" အင်း..ကိုယ်ခဏအိပ်ဦးမယ် "

" ထပါ..ဒီလိုနေလို့မရဘူး..Jeon ပြန်မှဖြစ်မယ် "

" ကိုယ့်ကိုနှင်ထုတ်နေတာလား..Min ကိုယ်ညကပင်ပန်းထားလို့.. "

Jeon ရဲ့စကားကြောင့်Min မှာ မျက်တောင်လေး နှစ်ချက်၊ သုံးချက်လောက် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိတယ်။ အခု Jeon က ပင်ပန်းတယ်တဲ့လား..ခံရတဲ့ Min မှာတော့...

" အထိန်းတော်ကြီး အလာနဲ့တွေ့လိမ့်မယ် "

" အင်း......ခဏလေးပါကွာ.."

ထိုအတိုင်းနေလို့ကတော့ တကယ်မဖြစ်ပါ။ ခဏနေရင် အထိန်းတော်ကြီးက Min ကိုလာနှိုးတော့မှာ..

ထို့ကြောင့် Min ကုတင်ပေါ်ကဆင်းပြီး အဝတ်ကိုအရင်ယူဝတ်လိုက်တယ်။ ပြီးတော့ အိအ်ယာပေါ်မှာ မှောက်အိပ်နေတဲ့ Jeon ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်တယ်။ အခုအခြေအနေက မသိရင်လက်ဆက်ခါစ Mate ဖက်တွေလိုမျိုး။

Mate.. အခုဆို Min ကအမှတ်အသားပေးခံထားရတဲ့ အိုမီဂါတစ်ယောက်ဖြစ်သွားပြီ။ ရှင်းရှင်းပြောရရင် အယ်လ်ဖာရှိတဲ့ အိုမီဂါတစ်ယောက်။ ထိုကိစ္စက အနှေးနဲ့အမြန် ခမည်းတော်သိမှာ သေချာ၏။ ထို့ကြောင့် Min ဘက်ကအရင်ဖွင့်ပြောပြထားမှ ဖြစ်မည်သာ။

Royal Omega Become My Mate [Completed] Where stories live. Discover now