Royal Omega - 24

3K 252 49
                                    

           Royal Omega Become My Mate
        __________________________________

" Jeon.... "

အိပ်ယာခင်း အဖြူရောင်ထက်လဲလျောင်းနေတဲ့ Jeon ရဲ့ဖြူဖျော့ဖျော့ပုံရိပ်ဘေး Min ဒူးထောက်ထိုင်ချရင်း ခပ်ဖွဖွခေါ်လိုက်မိတယ်။ ပြင်းထန်လွန်းတဲ့ဒဏ်ရာတွေနဲ့အတူ နန်းတော်ကိုပြန်ရောက်လာတဲ့ Jeon က အခုဆိုတစ်ပတ်ရှိပြီ သတိကတော့ရမလာသေးပါ။

ပတ်တီးအဖွေးသားနဲ့ မလိုက်ဖက်စွာလဲလျောင်းနေရတဲ့ Jeon ရဲ့မျက်နှာနုနုကို ခပ်ဖွဖွကိုင်တွယ်ပွတ်သပ်မိရင်း ခပ်တိုးတိုးလဲစကားဆိုမိသေး၏။

" Min တောင်းပန်ပါတယ်.."

Min ရဲ့စကားကို Jeon ကြားရဲ့လားတော့မသိပေမယ့် တဖွဖွရေရွတ်ပြောဆို နေမိတာကအချိန်တော်တော်ကြာသည်အထိပင်ဖြစ်၏။ ထိုအခြေအနေက နေ့စဥ်နေ့တိုင်းပြုလုပ်နေကျ အရာတစ်ခုဖြစ်နေပြီ။

Min တောင်းပန်တဲ့အကြောင်းတွေကို တဖွဖွပြောမိတယ်။
ရင်သွေးလေးနဲ့ အတူ Jeon သတိရလာမဲ့အချိန်ကိုစောင့်နေကြောင်းကိုလဲ မျက်ရည်တွေနဲ့အတူ တဖွဖွပြောနေမိခဲ့သည်။
ရင်မ်နဲ့ ဘယ်လိုပတ်သတ်မှုတွေရှိခဲ့၊ ရှိခဲ့ အဲ့ဒါတွေက အတိတ်ပဲမလို့ Min ဂရုမစိုက်ချင်တော့ပါ။ ပြီးတော့ Min တို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့သမျှတွေကိုလဲ Min လုံးဝမေ့ပြစ်လိုက်ချင်တယ်။

ဘယ်အရာမဆို Jeon သဘော..အရာရာတိုင်းကို Jeon ရဲ့သဘောကျသာနေထိုင်ရှင်သန်လိုက်ချင်တာ။ Min တို့နှစ်ယောက်ထဲ။ Min တို့နှစ်ယောက်နဲ့အတူ ဗိုက်ထဲက ကလေးလေးနဲ့ ဘယ်သူမှမရှိတဲ့တစ်နေရာရာမှာ အေးအေးချမ်းချမ်းအသက်ရှင်ချင်တာ။

Jeon ကိုလဲ ဘာအန္တာရာယ်မှမရှိစေချင်တော့သလို၊ ဘယ်လိုအကြောင်းနဲ့မှ Min တို့နှစ်ယောက် မခွဲချင်တော့။

Jeon ကိုထိခိုက်အောင်လုပ်တဲ့သူတွေမှန်သမျှကိုလဲ မရရအောင်ဖမ်းပြီး ထိုက်သင့်တဲ့အပြစ်ကိုပေးဖို့ အစ်ကိုတော်ကိုတောင်းဆိုထားသည်။ ဗိုက်ထဲက ရင်သွေးလေးကိုဖျက်စီးဖို့ကြိုးစားခဲ့သူရော ထိုက်သင့်တဲ့အပြစ်ကြွေးကို သေချာပေါက်ပေးဆပ်ရမည်။

" အာ့..ကျွတ်! "

" ဟင်..Jeon.."

Jeon ဆီမှ ညဥ်းညူသံတစ်ချို့ထွက်လာတော့ Min ပြာယာခတ်သွားမိတယ်။

Royal Omega Become My Mate [Completed] Where stories live. Discover now