Royal Omega Become My Mate
__________________________________ဒေါက်! ဒေါက်!
" ကိုယ်ရောက်ပြီ.. တံခါးဖွင့်ပေးဦး Min "
တိတ်ဆိတ်နေတဲ့ညအချိန်မှာ Jeon က အချိန်မှန်ပဲရောက်လာခဲ့ပြန်ပြီ။ ကိုယ်ဝန်ဟာအခုဆို ၂လပင်ပြည့်ခဲ့ပြီ။ ထိုအတောအတွင်းမှာ ညတိုင်းလိုလိုရောက်လာခဲ့တဲ့ Jeon ဟာ ခိုးကြောင်ခိုးဝှက်ဖြင့် ပြတင်းပေါက်ကနေခိုးလာနေကျဖြစ်၏။ Jeon နဲ့ပြန်အဆင်ပြေနေပြီဆိုတာကို အစ်ကိုတော်Joon တို့သိသွားရင် Min ရှက်တာမို့ညဘက်တို့ကိုသာ လာခဲ့ဖို့ပြောထားတာဖြစ်သည်။
ကိုယ်ဝန်တောင်ရနေပြီဖြစ်တဲ့အခြေအနေမှာ Min တို့နှစ်ယောက် ပြန်အဆင်ပြေဖို့အပြင်တခြားမရှိတော့ဘူးလေ။ Min ကိုယ်တိုင်ကလဲ စိတ်ပျက်သေးတာမှမဟုတ်တာ။
ဖတ်နေတဲ့ဝတ္ထုစာအုပ်လေးကို အိပ်ယာပေါ်ခဏချထားခဲ့ပြီးနောက် ပြတင်းပေါက်ကိုသွားဖွင့်ပေးလိုက်တယ်။
" Jeon.. ဒီနေ့ဘာလို့အစောကြီးရောက်လာတာလဲ.. အထိန်းတော်ကြီးတောင် သူ့အဆောင်မပြန်သေးဘူး "
" ကိုယ့်အိုမီဂါကိုလွမ်းလို့လေ.."
" အထိန်းတော်ကြီးသိသွားမှာကြောက်လို့ပါ "
" ဘာကြောက်စရာရှိလို့လဲ.. မင်းနဲ့ကိုယ်ဘယ်လိုပတ်သတ်နေလဲ ဗိုက်ထဲက ကလေးကဘယ်သူနဲ့ရတာလဲ လူတိုင်းသိတယ်..ရှက်မနေနဲ့! "
" ဘာကိုရှက်မနေနဲ့လဲ.. "
ဒေါက်! ဒေါက်!
" Min ရေ..ကျွန်တော်မျိုးအဆောင်ကိုပြန်ဦးမယ်နော်..တစ်ခုခုဆို အခေါ်လွှတ်လိုက်ပါ "
" ဟုတ်..ဟုတ်ကဲ့အထိန်းတော်ကြီး Min လဲအခုပဲအိအ်တော့မလို့ "
" စောစောအိပ်နော်..အိပ်ရေးပျက်မခံနဲ့ "
" ဟုတ်ကဲ့အထိန်းတော်ကြီး "
ပြတင်းပေါက်ကနေဝင်လာသည့် Jeon က ထိုပြတင်းပေါက်ကိုအပိတ်မခံပဲ Min ကိုထိုနားမှာရပ်စေပြီး နောက်မှနေ၍သိုင်းကာဖက်တွယ်လာသည်။
လမင်းကြီးရဲ့အလင်းရောင်မှိန်ဖျော့ဖျော့လေးကလဲ ထိုပြတင်းပေါက်ကနေ အခန်းအတွင်းဖြာကျနေသည်။
YOU ARE READING
Royal Omega Become My Mate [Completed]
Fanfiction" Min ကအရူးတစ်ယောက်... Jeon အပေါ်ယုံကြည်စွာတွယ်တာပြီး ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ Min ဟာ အချစ်ရူးတစ်ယောက်ပါ.."